တန်ခိုးရှိသောအသွေးတော်

ကျမ်းစာက အသွေးအမျိုးမျိုးဖော်ပြလျှက်ရှိပါသည်။ ဆိတ်သူငယ်၏အသွေး၊ သိုးသူငယ်၏အသွေး နှင့်ချိုးငှက်၏ အသွေးများဖြစ်ကြသည်။ ထိုသည်မက အသွေးသွန်းခြင်းမရှိပဲ အပြစ်ဖြေလွှတ်ခြင်းမရှိကြောင်းကိုလည်း ကျမ်းစာကထပ်ပြော ပါသည်။ ဒါနဲ့ ဤကွဲပြားသောအသွေးများက ကျွန်ပ်တို့၏အပြစ်ကိုဆေးကြောပေးနိုင်သလား။ အဖြေက လုံးဝမဟုတ်ပါ။ မဆေးကြောနိုင်ပါ။  ဒါဆို ကျွန်ပ်တို့အပြစ်များကိုမည်ကဲ့သို့ဆေးကြောနိုင်မည်နည်း။ ယေရှုခရစ်တော်၏အသွေးကလွှဲပြီး ဘယ်အရာက မှ ကျွန်ပ်တို့အပြစ်များကိုဆေးကြောနိုင်ခြင်းမရှိပါ။ ယေရှု၏အသွေးတော်သာလျှင် ကျွန်ပ်တို့အပြစ်ကိုဆေးကြာ နိုင်ခြင်း တန်ခိုး ရှိပြီး ကယ်တင်ခြင်းသို့ပို့ဆောင်စေသည်။

ဒီအရေးပါသောစာအုပ်တွင် စစ်မှန်သော ယေရှုခရစ်တော်၏အသွေးတော်အကြောင်းကို သင်သိရှိရလိမ့်မည်ဖြစ် သည်။ ယေရှု၏အသွေးတော်က မည်ကဲ့သို့အသက်ကိုပေးကြောင်းနှင့် မည်မျှလောက်အရေးကြီးကြောင်း ရှင်းလင်းစွာသိရှိရ မည်ဖြစ်သည်။ ယေရှု၏အသွေးတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့အကြား အပြန်အလှန်ဆက်နွယ်မှုကိုလည်း သင်နား လည်လိမ့်မည်ဖြစ်သည်။ ယေရှု၏အသွေးတော်၌ တန်းခိုးတော်ရှိပါသည်။

Category:

Description

Reviews

There are no reviews yet.

Be the first to review “တန်ခိုးရှိသောအသွေးတော်”

Your email address will not be published. Required fields are marked *

Title

Go to Top