-
ဘ၀အသက်တာသည် လူတစ်ယောက်စီတိုင်းအတွက် စိန်ခေါ်မှုဖြစ်နိုင်ပါသည်။ များသောအား ဖြင့် ၀န်ထုတ်ဝန်ပိုးဖြစ်နေသည့်အရာကို အောင်မြင်ရန် သင်လိုအပ်သောအရာသည် ဥာဏ်ပ ညာပင်ဖြစ်ပါသည်။ ဥာဏ်ပညာသည် ရုန်းကန်နေရသောအခြေအနေမှ သင့်ကို နိုးထစေပြီး၊ အံ့သြဖွယ်ရာ ဘ၀အသက်တာထဲသို့ ရောက်ရှိစေရန် ကူညီပေးပါလိမ့်မည်။ ဘုရားသခင်သည် ဘုန်းတော်အတွက် သင့်ကို ရွေးချယ်ဘိသိတ်ခဲ့ပါသည်။ ဘုရားသခင်၏ လျှို့ဝှက်ချက်သည် လျှို့ဝှက်နက်နဲခြင်းထဲ၌ ရှိနေသော ဘုရားသခင်၏ ဥာဏ်ပညာဖြစ်ပြီး၊ သင်၏ဘုန်းတန်ခိုးနှင့် လှပတင့်တယ်ခြင်းအတွက် ခွဲခန့်မှတ်သားထားပါသည်။ ဤဖွင့်ပြပေးသော စာအုပ်များဖြင့် သင့်ထံ နေ့စဉ် အောင်မြင်ခြင်း သယ်ဆောင်ပေးပါစေ။ အောင်ပွဲခံဖို့ရန်အတွက် ဤစာအုပ် သည် သင့်ကို အသိပညာဥာဏ်ပေးပါစေ။
-
ဆန့်ကျင်ဘက်ပြုတတ်သောသူတို့သည် သူတို့အပေါ်သူတပါးပြုပေးခဲ့သော အရာများကိုမေ့လျော့ တတ်ပြီး ထိုအရာများကိုမေ့ပစ်ရန် ရွှေးချယ်မှုပြုလုပ်တတ်ကြသည်။ ယုဒသည်ခရစ်တော်ကမည်သည့်အရာ ပြုလုပ်ပေးခဲ့သည်များကိုမေ့လျော့ပြီး ခရစ်တော်ထံမှမည်သည့်အရာကြားခဲ့၊ မြင်ခဲ့သည်ကိုပင်လျှင် သတိမရ တော့ပေ။ ထို့ကြောင့် ယုဒသည်အထင်သေးရုပ်ညံ့သောအသက်တာပိုင်ဆိုင်သူအဖြစ် ယနေ့ကျွန်ပ်တို့မြင်တွေ့ နေကြရသည်။
အမှုတော်ဆောင်များအတွက်မှတ်မိတတ်ခြင်းသည် ၀ိညာဉ်ပိုင်းအတွက်အရေးကြီးသောအရေအချင်း ဖြစ်သည်။ မမှတ်တတ်သောလူတို့သည် သေသပ်စွာအလုပ်လုပ်သူရှားပါးသည်။ ထိုသို့မြင့်သောအရပ်သို့ရောက် ရှိရန် မတတ်နိုင်ကြပေ။ ဒီစာအုပ်၌ရှားပါးသော ဆွေးနွေးချက်ခေါင်းစဉ်သည် သင့်အတွက်ဘုရားသခင်၏လက် ဆောင်ဖြစ်သည်။
-
ဘုရားသခင်၏နောက်တော်တို့လိုက်ခြင်းသည် စိတ်လှုပ်ရှားဖွေကောင်းသော ရှာဖွေစူးစမ်းခြင်းခရီးကဲ့ သို့ဖြစ်ပါသည်။ သူများနောက်လိုက်ခြင်းနှင့်အတုယူခြင်းသည် ရှေးခေတ်ကျသော သင်ယူခြင်းအတတ်ပညာ ဖြစ်ပြီး ယေရှုဘုရားသည် သူ၏သင်ကြားခြင်းနည်းစနစ်ကိုရွေးချယ်ခြင်းဖြစ်ပါသည်။ သင်ကြားမှုဆိုင်ရာနည်းစ နစ်ကို ဒီအချိန်မှာ ရှက်ကြောက်နေမည့်အစား ဒီအချိန်သည် နားလည်ရန်သင့်တယ်သောအချိန်နှင့် နောက် လိုက်ခြင်း အတတ်ပညာကို နိမ့်ချစွာသင်ယူရန်ဖြစ်သည်။ ဤစာအုပ်တွင် မည်သူ၊ မည်သည့် နှင့်မည်ကဲ့သို့ ကောင်းမွန်စွာဖြင့် နောက်လိုက်ခြင်း ကြောင်းကို တွေ့ရှိရ မည်ဖြစ်သည်။ ဒါန်ဟီဝိဒ်-မီလ်စ်၏အစွမ်းထက်သော စာအုပ်သစ်က ကျွန်ပ်တို့ခရစ်ယာန်တွေ့ကြုံမှုတွင် အတင့် တယ်ဆုံးနောက်လိုက်တတ်ခြင်း ပညာကိုဖော်ပြပေးပါသည်။
-
ဤစာအုပ်သည် စာဖတ်ရှုခြင်း၌ စိတ်အားထက်သန်သော အမှုတော်ဆောင်များအတွက် ဒက်ဟီဝါ့မိုင်စ်၏ လက်ဆောင်တစ်ခုပင်ဖြစ်ပါသည်။ ဤစာအုပ်သည် ဖခင်များနှင့်သားများအ ကြားရှိ ခက်ခဲရှုတ်ထွေးသည့် ပေါင်းသင်းဆက်ဆံရေးကို မည်သို့ကိုင်တွယ်ရမည်ဆိုသည့် မေးခွန်းများကို ဖြေကြားထားပါသည်။ ဤစာအုပ်ကို သင်ကြားပို့ချခြင်းအားဖြင့် သင့်ဘ၀အသက်တာသို့ ရောက်ရှိလာသော ကျိန်းခြင်းကို ဖယ်ရှားပြီး၊ ကောင်းကြီးမင်္ဂလာများ သင့်အပေါ်သို့ ယူတင်ပေးပါလိမ့်မည်။ ဖခင် များသည် သားများနှင့် တပည့်များကို မွေးထုတ်ပေးသော ထူးခြားသောလူများဖြစ်ကြပါသည်။ ဖခင်များမရှိလျှင် အခြား မျိုးဆက်အတွက် အမှုတော်ကဏ္ဍတွင် ဆက်လက်လုပ်ဆောင်ဖို့ရန် သားသမီးများရှိလိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏ ခေါ်တော်မူခြင်းသည် ဖခင်များနှင့် ဆက်ဆံဖို့ရန် သင့်၏အရည်အချင်းနှင့်အတူ အောင်မြင်ခြင်း (သို့) သေဆုံးပါလိမ့်မည်။ ဤစာအုပ်ကို ဖတ်ရှုခြင်းအားဖြင့် မရိုသေခြင်း၊ နားမထောင်ခြင်း၊ ဖခင်များနှင့် ပေါင်းသင်းဆက်ဆံရေး အားနည်းခြင်း စသော ကျိန်ခြင်းနှင့် ဆက်စပ်နေသော အရာများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။
-
ယေရှုခရစ်တော်သည် ကြွယ်ဝချမ်းသာခြင်းကို ဖြစ်စေသော တုန်လှုပ်ဖွယ်မူဝါဒ ကို ဖော်ပြပါသည်။ ရတတ်သောသူအား ပေးအုံးမည်ယူသောဖော်ပြချက်သည် မတရား သလိုမျိုးဖြစ်နေပါသည်။ သို့သော် ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀၌ မှန်ကန်ဖြစ်ပျက်နေသောအ ကြောင်းအရာပင်ဖြစ်ပါသည်။ ဒီစာအုပ်တွင် ဒီလိုနားလည်ရခက်ခဲသော သမ္မာကျမ်းစာကို ရှင်းပြထားပါသည်။ ဒါန်ဟီဝိဒ်-မီလ်စ်၏ စာအုပ်ကို ဖတ်ရခြင်းအားဖြင့် ကြွယ်ဝချမ်းသာခြင်း၏ နက်နဲမှု များကိုသိနား လည်စေ သော ဥာဏ်ပညာများရရှိလာပါလိမ့်မည်။
-
ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်း ရှုမှတ်ကြလော့`(ဖိလိပ္ပိ ၂း၎) ဟူ၍ နှုတ်ကပတ်တော်က ကျွန်ုပ်တို့ကို တိုက်တွန်းထားပါသည်။ စာအုပ်ထဲ၌ ဒက်ဟီဝါ့မိုင်စ်သည် မိမိကိုယ်မိမိတွေးခြင်း၊ အခြားသူများ၏အကြောင်းကို တွေးတောခြင်း စသောအရာထက် ပို၍ တွေးဖို့ရန် သင့်ကို စိန်ခေါ်ထားပါသည်။ အခြားသူများကိုလည်း ချစ်ခြင်း၊ စဉ်းစားပေးခြင်း၊ ဂရုစိုက်ခြင်း၊ တပါးသူအတွက် အသက်ရှင်ခြင်းစသောအရာများ လည်း ပြောထားပါသည်။ ယေရှုသည် `အခြားသူများ`အတွက် စဉ်းစားပေးသောကြောင့် ကျွန်ုပ်တို့အားလုံးအတွက် အသေခံရန် ကြွဆင်းလာခဲ့သည်။ ကျွန်ုပ်သည် သူနှင့်တူသော သူဖြစ်ချင်ပါသည်။ သင်သည် ယေရှုနှင့်တူသောသူ ဖြစ်ချင်ပါသလား။
-
ဧ၀ံဂေလိတရားထိရောက်စေခြင်းနှင့် အတိုက်အခံပြခြင်း၊ စောဒကတက်ခြင်း၊ မသင်္ကာမှု၊ ခါးသီးသောခံစားချက် စသည်များကြုံတွေ့ရသော်လည်း ကောင်းမွန်သောအကျိုးကျေးဇူးရရှိစေသော ဤအနိုင်အထက်ပြုခြင်း တန်ခိုး ဆိုင်ရာ အကြောင်းကိုလေ့လာပါ။ ဒါန်ဟီဝိဒ်-မီလ်စ်ရေးသားသောစာအုပ်အားဖြင့် သင်လုပ်ဆောင်ခဲ့ဖူးသည် ထက်သာ၍ သင့်ကိုဝိညာဉ်ဖမ်း သူဖြစ်စေ မည်။
-
ယုံကြည်သူလူသစ်များအတွက် ကယ်တင်ခြင်းနှင့် ပတ်သက်သည့် အခြေခံအရာများနှင့် သူတို့၏ အသက်တာအား အုပ်စိုးနေသော စည်းမျဉ်းများအား သိနားလည်ရန်မှာ အရေးကြီးသောအရာတစ်ခု ဖြစ်သည်။ ယုံကြည်သူ လူသစ်များအတွက် သော့ချက်များ ဟူသောအရာသည် ထိုလိုအပ်ချက်များ အား ပြည့်စုံစေရန် အတွက်နှင့် သူတို့၏ အသစ်သောယုံကြည်ခြင်း၌ အောင်မြင်စွာလျှောက် လှမ်း နိုင်ရေးအတွက် အခြေခံအုတ်မြစ် များအား ထောက်မပေး နိုင်ရန်အတွက် ပုံစံထုတ် ရေးသားထားသော စာအုပ်ဖြစ်ပါသည်။
-
အသင်းတော်ထူထောင်ခြင်းသည် သြဇာကြီးမားသည့်ဘာသာရေးဂိုဏ်းအမှုတော်ဆောင်များကြားတွင် ပျံ့နှံ့ လျှက်ရှိသော ထူးခြားဆန်းကျယ်သည့်အသွင်အပြင်တို့ပင်ဖြစ်သည်။ ဤအရာသည် အစောပိုင်းတပည့် တော်များ၏ ကြီးမားသည့်လှုပ်ရှားမူလည်းဖြစ်သည်။ အောင်မြင်သည့်အသင်းတော်ထူထောင်ရာတွင် ကျွမ်း ကျင်မှုနှင့် မြောက်မြားစွာသောအကြောင်းရင်းများဆုပ်ကိုင်ထားရန်လိုအပ်ပေသည်။ ဒစ်ဟီဝိဒ်-မီလ်သည် ဤစာအုပ်ထဲတွင် အသင်းတော်ထူထောင်ရာ၌ပါဝင်သည့်များပြားလှသောအစိတ်အပိုင်းများကို ခွဲခြမ်းစိတ် ဖြာကာဖော်ပြထားသည်။ အသင်းတော်ထူထောင်ရန်ဘ၀အသက်တာ၌ရှုပါရုံထားရရှိထားသည့်သူတိုင်း အတွက် သင်ကြားလေ့လာသင့်သည့် လက်စွဲစာအုပ်ဖြစ်ပေသည်။
-
အသင်းတော်ကြီးထွားခြင်းသည် ပဟေဋ္ဌိဆန်ပြီး၊ အောင်မြင်ရန်လည်းခက်ခဲသောအရာဖြစ်သည်ကို ကျွန်တော် တို့အားလုံး သိကြပါသည်။ သင်းအုပ်ဆရာတိုင်း သူတို့အသင်းတော်ကြီးထွားရန်အလိုရှိကြပါသည်။ ဒီစာအုပ်က သင် ရှာဖွေနေသည့်အသင်းတော်ကြီးထွားခြင်းအကြောင်း ညွှန်ပြပေးပါလိမ့်မည်။ အသင်းတော်ကြီးထွားရန် မတူညီသည့်အ ရာများစွာ အတူတကွအလုပ်လုပ်ကြသည်ကို သင်နားလည်လာလိမ့်မည်။ ချစ်သောသင်းအုပ်ဆရာ၊ ဒီစာအုပ်ရှိစာလုံး များနှင့်ဘိသိက်ခြင်းတို့သည် သင့်နှလုံးသဲထဲသို့စိမ့်ဝင်လာသောအခါ သင်ဆုတောင်းခဲ့သည့်အရာဖြစ်သည့် အသင်း တော်ကြီးထွားခြင်းကို သင်ကိုယ်တိုင်တွေ့ကြုံလာလိမ့်မည်။
-
ပုံမှန်သမားရိုးကျ အကြောင်းအရာမဟုတ်သော်လည်း၊၀ိညာဉ်ရေးရာလဲပြိုခြင်းသည်ခရစ်ယာန်များအကြားတွင် အမြဲဖြစ်ပွား နေသော အရာတစ်ခုဖြစ်နေပါသည်။ လူများစွာတို့ အစပြုခဲ့ကြသော်လည်း လူတိုင်း အဆုံးထိတိုင် ရပ်တည်ကျန်ရစ်ခြင်း မရှိခဲ့ကြပါ။ ဤစာအုပ်၌ဘိရှော့ ဒါန်ဟီဝိဒ်-မိလ်စ်က အချက်ပေးမှုအားပြုကာ၊ ခရစ်ယာန်တိုင်း ဤအမှုအရာအား ကောင်း ကင်ရောက်သည်ထိတိုင် အောင်မြင်ရမည် အကြောင်းရှင်းလင်းစွာဖော်ပြထားပါသည်။