-
အနုပညာကို တိုးတက်အောင်ပြုလုပ်ခြင်းသည် အရည်အချင်း (သို့) ကျွမ်းကျင်မှုကို တိုးတက်အောင် ပြုလုပ်ခြင်းပင်ဖြစ်ပါသည်။ ထောက်ခံခြင်းသည် လူသား၏ကျွမ်းကျင်မှုမှ လာသည်ဟု သမ္မာကျမ်းစာ က ပြောထားပါသည်။အမှုတော်လုပ်ငန်းသည် ကြီးမားသော အရည်အချင်းကို တောင်းဆိုလျှက်ရှိပါ သည်။ `အမှုတော်မြတ်၏ အနုပညာရသ`ဆိုသည့် ဤစာအုပ်သည် အမှုတော်မြတ်ကိုလုပ်ဆောင်ချင်သော စိတ်ရှိသောသူအားလုံးအတွက် အရင်းအမြစ်ပမာ လိုအပ်သော စာအုပ်တစ်အုပ်ဖြစ်ပါသည်။ အမှုတော် နှင့်ပတ်သက်၍ မှန်ကန်သောအရာ၊ မှားယွင်းသောအရာ၊ အမှုတော်မြတ်၏ လုပ်ငန်းစဉ်၊ အမှုတော် ထဲ၌ရှိ လုပ်ဆောင်သောသူတွင်ရှိမည့် အရည်အချင်းများ၊ အမှုတော်တော်ဆောင် တစ်ယောက်၏ လုပ်ငန်းများ ပြုလုပ်ပြီးစီးခြင်း စသောအရာများကို ရှင်းလင်းစွာတင်ပြထားထားပါသည်။ အမှုတော်ထဲ၌ သင်လုပ်ဆောင်နေသောအလုပ်အပေါ်၌ အံသြမှင်သက်ဘူးပါသလား။ ဒက်ဟီဝါ့မိုင်စ် ရေးသားထားသည့် ထူးခြားသောဤစာအုပ်သည် ဘုရားသခင်၏ ခေါ်တော်မူခြင်း၏ ထိုက်တန်ပေါ်၌ လျှောက်လှမ်းနိုင်ဖို့ရန်နှင့် အမှုတော်လုပ်ငန်းများအတွက် သင့်ကိုယ်သင် လုံးလုံးလားလားဆက်ကပ် အပ်နှံဖို့ရန် စိန်ခေါ်မှုကိုဖြစ်စေပါလိမ့်မည်။
-
ကျွန်ုပ်တို့အများစုသည် သမ္မာကျမ်းစာတွင်ဖော်ပြထားသည့်ကောင်းမကောင်းသိကျွမ်းရာအပင်နှင့် ကျွန်ုပ်တို့အ ကြား ပတ်သက်ဆက်နွယ်မှုအား နားမလည်ပဲရှိနေတတ်ကြပါသည်။ ထိုအရာသည် အာဒံနှင့် ဧ၀တို့ကြုံတွေ့ ခဲ့ရသော အကြောင်းမလှသည့် အခြေအနေတစ်ရပ်ဖြစ်ပြီး ထိုအထဲမှ ကျွန်ုပ်တို့ လွတ်မြောက်ခဲ့ပြီးဖြစ်သည် ဟု တွေးမိတတ်ကြပါသည်။ ကောင်းမကောင်းသိကျွမ်းရာ အပင် မှ သင်အမှန်တကယ် လွတ်မြောက်ခြင်းရှိပြီလား။ ဤရှင်းလင်းသည့်စာအုပ်ထဲတွင် ကောင်းမကောင်းသိကျွမ်းရာ အပင်သည် ယနေ့ထိရှိနေဆဲဖြစ် ကြောင်း သင်သတိပြုမိလာပါလိမ့်မည်။ ထိုအပင်သည် အာဒံနှင့် ဧ၀တို့အားသွေးဆောင်ခဲ့သလို ကျွန်ုပ်တို့အားလည်း ယနေ့သွေးဆောင်မှုပြုလျက်ရှိနေကြောင်း သင်ရှာဖွေတွေ့ရှိလာပါလိမ့်မည်။ ဤစာအုပ်မှ သင်ရရှိမည့် အသိပ ညာအား အသုံးချခြင်းအားဖြင့် သင့်အမှုတော်လုပ်ငန်းနှင့် အသက် တာအားလမ်းညွှန်မှုပေးမည့် သမ္မာတရားအား သင်ရှာဖွေတွေ့ရှိပါလိမ့်မည်။
-
အသင်းတော်များတွင် အကောင်းဆုံး သစ္စာမဲ့သောသူများဖြစ်လာကြမည့် ဟိတ်ဟန်ကောင်းသော သူများဖြင့် ပြည့်လျှက်ရှိသည်။ စာတန်၏ အဓိကသော့ချက်သည် အမြဲတမ်းအားဖြင့် လိမ်လည်လှည့် ဖြားခြင်းနှင့် ဟန်ဆောင်ခြင်းများဖြစ်သည်။ ခေါင်းဆောင်တစ်ယောက်သည် ဟန်ဆောင်တတ်သော သူတစ်ဦး၏ မျက်နှာဖုံးအား မမြင်နိုင်ပါက ထိုမျက်ကန်ခြင်း၏ အကျိုးကို ခံစားရပါလိမ့်မည်။ ခြိမ်းခြောက်ခြင်း၊ ရင်းနှီးကျွမ်းဝင်ခြင်းနှင့် ရှုတ်ထွေးခြင်းတို့သည် အမှုတော်ဆောင်ကို တိုက်ခိုက်နေ သော ၀ိညာဉ်ဆိုးများဖြစ်ပါသည်။ များစွာသော အချိန်၌ လူတို့သည် သူတို့ကို တိုက်ခိုက်နေသော အရာများကို မသိကြပါ။ သင့်အတွင်း၌ရှိသော ရန်သူများအား တိုက်ခိုက်ရန်နှင့် ဖေါ်ထုတ်ရန် ဤစာ အုပ်သည် သင့်အားကူညီပေးပါလိမ့်မည်။
-
သင်သည်ဘုရားသခင်၏သိုးအုပ်တို့ကိုထိန်းကျောင်းပေးနေသောသိုးထိန်းဖြစ်လျှင်၊ ဤကောင်းမွန် စွာပြုစု ထားသည့်စာအုပ်က သင့်အားကြီးမားစွာအထောက်အကူဖြစ်စေမည်ပင်ဖြစ် သည်။ ဤစာမျက်နှာ များတွင် အသေးစိပ်ပါဝင်ထားပြီး၊ ကရုတစိုက်စွာဖြင့်သွန်သင်ချက်များကို ရွေးချယ်ပြုစုထား သည့်အတွက် အောင်မြင်သည့်အသက်တာရရှိရန်အတွက်အရေးပါလှပါသည်။ ဘုန်းတော်ကြီး ဒါန်ဟီဝိဒ်-မီလ်စ်က သူ၏နှစ်သုံးဆယ် အမှုတော်မြတ်တွင်သိုးထိန်းတစ်ဦးအဖြစ် တွေ့ကြုံခံစားရသော အတွေ့အကြုံများကို အမူတော်မြတ်ထဲ၌အမှုဆောင်ခဲ့သည့် လက်တွေ့ပြုလုပ် ခဲ့ခြင်းများကို စုစည်းဝေငှထား ခြင်းဖြစ်ပေသည်။
-
သိုးထိန်းဆိုသည့် စကားကို သင်ကြားသည့်အခါ အရာတစ်ခုသင့်ထံ ဖြစ်ပေါ်လာပါသည်။ သိုး…. သိုးများသည် သိုးထိန်းများကိုလိုအပ်သည့် သတ္တ၀ါများဖြစ်ကြပါသည်။ သိုးထိန်းသည် သူများကို ချစ်ခြင်းမေတ္တာနှင့် စောင့်ရှောက်လမ်းပြရန်ပင်ဖြစ်ပါသည်။ သမ္မာကျမ်းစာထဲ၌ ဘုရားသခင်သည် ကျွန်ုပ်တို့၏ သူ၏စားကျက်၌ ကျက်စားသော သိုးစုများအဖြစ် ညွန်းဆိုထား ပါသည်။ ယေရှုသည် သူ၏တပည့်တော် ပေတရုအား ကယ်တင်ရှင်အတွက် သူ၏ချစ်ခြင်းမေတ္တာကို ပြသရန်အတွက် ခရစ်တော်၏သိုးများကို ကျွေးမွေးရန် သွန်သင်ခဲ့ပါသည်။ သိုးထိန်းတစ် ယောက်ဖြစ်ခြင်းသည် အလွန်ကြီးမားသော အလုပ်ဖြစ်ပါသည်။ ဘုရားသခင်၏ လုပ်ငန်းခွင်ထဲ ၌ သိုးများကို ကြည့်ရှုဖို့ရန်အတွက် ဘုရားသခင်၏ ခေါ်တော်မူခြင်းကိုခံရသောအားဖြင့် ဂုဏ်ပြု ခြင်းကို ခံကြရပါသည်။ ဤစာအုပ်ထဲ၌ ဘုရားသခင်၏ လူများကို ကြည့်ရှုဖို့ရန်အတွက် ကြီးမားသော အလုပ်တွင် ၀င်ရောက်ဖို့ရန်အတွက် ဒက်ဟီဝါ့မိုင်စ်သည် ကျွန်ုပ်တို့အား ဖိတ်ခေါ်ခြင်း၊ တောင်းဆိုခြင်း၊ ပြသခြင်းများကို ပြုလုပ်ခဲ့ပါသည်။ သိုးထိန်းတစ်ယောက်ဖြစ်လာဖို့ရန်အတွက် ဤလှပသော အလုပ်မှ ထွက် ခွါမသွားပါနှင့်။
-
ဒီနေ့သာသနာလုပ်ငန်းထဲမှာ ဒတ်ဟက်ဝလ်-မီလ်ဟာဆိုရင် အခြေအနေတွေကိုကြည့်ပြီး ရပ်တည်ဖို့ရန်တွက် စစ်မှန်သောအရာအားဖြင့် လုပ်ဖို့ရန်သတိပေးခြင်းဖြစ်သည်။ သူ့ရဲ့အဓိကဖော် ပြချက်တွေဟာဆိုရင် သာသနာပြုခြင်း၊ ဆန့်ကျင်ဘက်၊ လိင်ပိုင်းဆိုင်ရာ၊ နိုင်ငံရေးနှင့်ငွေရေးကြေး ရေးတွေ ထိုအရာတွေကို အဓိကရည်ညွန်းပြီး လက်တွေ့လုပ်ဆောင်ဖို့ တိုက်တွန့်ထားပါသည်။ သင့်ရဲ့ခေါ်ခြင်းနှင့်ပတ်သက်၍ တကယ့်လက်တွေ့လုပ်ဆောင်ခြင်းရှိဖို့ရန် လမ်းညွန်ပြ သည်။ ဒီစာအုပ်ဟာဆိုရင် ခရစ်ယာန်ခေါင်းဆောင်တိုင်းတွက်ဖြစ်သည်။ အထူးသဖြင့် ကျမ်းစာ ကျောင်းများအတွက် ထောက်ခံပေးသောအရာနှင့်ခရစ်ယာန်ကြီးများတွက် ဖြစ်ပါသည်။
-
သမီးတို့၏အနာဒဏ်ရာများကို ဤစာအုပ်ကကုသပေးပါလိမ့်မည်။ နှစ်အကြာကြီးစောင့်နေရသော စာအုပ်ဖြစ်၍မိန်းမများသူတို့ ကြုံတွေ့နေသည့်မဖြစ်နိုင်သောအခြေအနေကိုကျော် လွှားရန်ဘုရားသခင် ၏ ပညာဖြင့်ကျော်လွှားရန်မိန်းမတို့သည်စိန်ခေါ်ခြင်း ခံရသည်။ အထူးသဖြင့်သမီးတို့ထံရေးသောဤ စာအုပ်ကိုဖတ်သကဲ့သို့ဘုရားသခင်သည်သင့်ဘ၀ကို ထိတွေ့၍ သင့်ကိုခွန်အားပေးလိမ့်မည်။
-
ယနေ့ ဝိညာဉ်အရာများ တည်ရှိပါသလား။ ဝိညာဉ်အရာမှာ အမူဆောင်နိုင်ပါသလား။ သခင်ဘုရားသည် လူတွေကို အနာငြိမ်း သေးလျှင် အဘယ်ကြောင့်လူတိုင်းကို အနာမငြိမ်းပေးသနည်း။ အနာငြိမ်းခြင်းဘိသိက်ကို အဘယ်ကဲ့သို့ လက်ခံ ရရှိနိုင်မည်နည်း။ ထိုသို့သောမေးခွန်းများ၊ အခြားအခြားသော သန့်ရှင်းသောဝိညာဉ်တော် ထင်ရှားပြသခြင်း အကြောင်းကို လည်း ဤဒိခ်ျဟီးဝတ်မီးလ်ရေးသားသည့် စိတ်လှုပ်ရှားစရာကောင်းသည့် ဒီစာအုပ်ရှိ စာမျက်နှာတိုင်းကိုဖတ်ခြင်းဖြင့် အဖြေ ရှာကြည့်လိုက်ပါ။
-
ခေါင်းဆောင်မှုအတွက် ဘုရားသခင်သတ်မှတ်ထားသောအရည်အချင်းများကို ဤသင်ခန်းစာ၌အနည်းငယ်သာ ဖော်ပြသော်လည်း၊ အသင်းတော်များစွာတိုးတက်ရပ်တည်နိုင်ရန်အဓိကအရေးပါသော အချက်များကို ဒါန်ဟီဝိဒ်-မီလိစ်က ဤစာအုပ်တွင်ဖော်ပြထားပါသည်။ ထို့ကြောင့် ဤ စာအုပ်သည် များစွာသောအ သင်း တော်ခေါင်းဆောင်များ မရှိမဖြစ်သောလက်နက် နှင့် လက်တွေ့ပိုင်းဆိုင်ရာသက်ဆိုင်မှုများဖြစ်လာရန်အတွက်၊ ရည်ရွယ်ထားပါသည်။