-
ဤစာအုပ်သည် ယေရှုခရစ်တော်အားဖြင့် ကယ်တင်ခြင်းတရားကို ထိရောက်စွာနားလည်စေနိုင်သော စအုပ်ကောင်းဖြစ်ပါသည်။ ဤစာအုပ်တွင် ယေရှုကသင့်ကို ဘယ်လောက်ချစ်ကြောင်း၊ သင်ဘယ်လိုဒုတိယမွေး ဖွါးခြင်းရနိုင်သလဲ၊ ငရဲကိုသွားရန် ဘယ်လိုရှောင်မလဲ၊ ခရစ်တော်အားဖြင့် ဘယ်လိုအသစ်ဖန်ဆင်းခြင်းဆိုတာ ဘာလဲဆိုတဲ့ အားကိုနားလည်စေရန် ရှင်းပြထားပါသည်။ ယေရှုခရစ်တော်၏အသွေးတော်အားဖြင့် ဘယ်လိုကယ်တင်ခြင်းရရှိကြောင့် နားလည်စေရန် ဒီစာအုပ်အား လူတိုင်းဖတ်ရှုရန် လက်ကမ်းလိုက်ပါ။
-
ဆယ်ဖို့တစ်ဖို့ပေးခြင်းသည် ရှေးယခင်ကတည်းက ဂျူးလူမျိုးများကကျင့်သုံးလာခဲ့ကြပြီး ချမ်းသာခြင်း ကိုပေးပေမယ့် ယနေ့တွင်လူအများသည် ထိုဆယ်ဖို့တစ်ဖို့အယူအဆနှင့်စပ်လျဉ်း၍ရှုပ်ထွေးကြဆဲဖြစ် သည်။ ဤစာအုပ်တွင် ဘုန်းတော်ကြီး ဒတ်ဟီးဝါ့ဒ်-မီးလ်သည် ကြွယ်ဝခြင်းနိမိတ်လက္ခဏာနှင့်ချမ်းသာ ခြင်းအခြေခံသဘောတရားကို ဆယ်ဖို့တစ်ဖို့ပေးခြင်းက အဘယ်သို့ဖန်တီးပေးကြောင်းသွန်သင်ထား ပါသည်။ ဒတ်ဟီးဝါ့ဒ်-မီးလ်ရေးသားသည့် ဂန္တဝင်စာအုပ်ကိုဖတ်ရှုလိုက်ပါ။
-
ယေရှုခရစ်တော်သည် ကြွယ်ဝချမ်းသာခြင်းကို ဖြစ်စေသော တုန်လှုပ်ဖွယ်မူဝါဒ ကို ဖော်ပြပါသည်။ ရတတ်သောသူအား ပေးအုံးမည်ယူသောဖော်ပြချက်သည် မတရား သလိုမျိုးဖြစ်နေပါသည်။ သို့သော် ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀၌ မှန်ကန်ဖြစ်ပျက်နေသောအ ကြောင်းအရာပင်ဖြစ်ပါသည်။ ဒီစာအုပ်တွင် ဒီလိုနားလည်ရခက်ခဲသော သမ္မာကျမ်းစာကို ရှင်းပြထားပါသည်။ ဒါန်ဟီဝိဒ်-မီလ်စ်၏ စာအုပ်ကို ဖတ်ရခြင်းအားဖြင့် ကြွယ်ဝချမ်းသာခြင်း၏ နက်နဲမှု များကိုသိနား လည်စေ သော ဥာဏ်ပညာများရရှိလာပါလိမ့်မည်။
-
ဒီနေ့သာသနာလုပ်ငန်းထဲမှာ ဒတ်ဟက်ဝလ်-မီလ်ဟာဆိုရင် အခြေအနေတွေကိုကြည့်ပြီး ရပ်တည်ဖို့ရန်တွက် စစ်မှန်သောအရာအားဖြင့် လုပ်ဖို့ရန်သတိပေးခြင်းဖြစ်သည်။ သူ့ရဲ့အဓိကဖော် ပြချက်တွေဟာဆိုရင် သာသနာပြုခြင်း၊ ဆန့်ကျင်ဘက်၊ လိင်ပိုင်းဆိုင်ရာ၊ နိုင်ငံရေးနှင့်ငွေရေးကြေး ရေးတွေ ထိုအရာတွေကို အဓိကရည်ညွန်းပြီး လက်တွေ့လုပ်ဆောင်ဖို့ တိုက်တွန့်ထားပါသည်။ သင့်ရဲ့ခေါ်ခြင်းနှင့်ပတ်သက်၍ တကယ့်လက်တွေ့လုပ်ဆောင်ခြင်းရှိဖို့ရန် လမ်းညွန်ပြ သည်။ ဒီစာအုပ်ဟာဆိုရင် ခရစ်ယာန်ခေါင်းဆောင်တိုင်းတွက်ဖြစ်သည်။ အထူးသဖြင့် ကျမ်းစာ ကျောင်းများအတွက် ထောက်ခံပေးသောအရာနှင့်ခရစ်ယာန်ကြီးများတွက် ဖြစ်ပါသည်။
-
သခင်ဘုရားအား အစေခံခြင်းသည် ကြီးမားသည့် ကိစ္စတစ်ရပ်ဖြစ်ကြောင်း သင်ကြားဖူးကောင်း ကြားခဲ့နိုင် သော်လည်း သခင်ဘုရားအား အစေခံရခြင်းသည် မည်မျှလောက်ထိ ကြီးမြတ်သော အရာ ဖြစ်ကြောင်း သင်၌ ရှင်းလင်းသည့် အတွေးရှိချင်မှ ရှိနိုင်ပါမည်။ ဒါန်ဟီဝိဒ်-မီလ်စ် အထူးရေးသားထားသော ဤစာအုပ်အားဖြင့် ဘုရားသခင်၏ အစေခံဟူသည် မည်သို့သောသူ ဖြစ်သည်ဟူ သောအရာနှင့် သခင်ဘုရားအား သင်မည်သို့ အစေခံရမည်ဆိုသောအရာအား သင် နားလည်လာပါလိမ့်မည်။ သခင်ဘုရားအား အစေခံသောသူများနှင့် အစေမခံသောသူများအကြား ခြားနားမှုအား သင်လက်တွေ့ သိရှိနား လည်နိုင်ပါစေ။ သခင်ဘုရားအား အစေခံသောသူများတို့တွင် သင်လည်း တစ်ယောက် အပါအ၀င်ဖြစ်ပါစေ။
-
ယေရှုခရစ်တော်သည် ကြွယ်ဝချမ်းသာခြင်းကို ဖြစ်စေသော တုန်လှုပ်ဖွယ်မူဝါဒ ကို ဖော်ပြပါသည်။ ရတတ်သောသူအား ပေးအုံးမည်ယူသောဖော်ပြချက်သည် မတရား သလိုမျိုးဖြစ်နေပါသည်။ သို့သော် ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀၌ မှန်ကန်ဖြစ်ပျက်နေသောအ ကြောင်းအရာပင်ဖြစ်ပါသည်။ ဒီစာအုပ်တွင် ဒီလိုနားလည်ရခက်ခဲသော သမ္မာကျမ်းစာကို ရှင်းပြထားပါသည်။ ဒါန်ဟီဝိဒ်-မီလ်စ်၏ စာအုပ်ကို ဖတ်ရခြင်းအားဖြင့် ကြွယ်ဝချမ်းသာခြင်း၏ နက်နဲမှု များကိုသိနား လည်စေ သော ဥာဏ်ပညာများရရှိလာပါလိမ့်မည်။
-
သမ္မာကျမ်းစာက ကျွန်တော်တို့အားလုံး အမှားပြုလုပ်တတ်ကြောင်းပြောပြထားသည်။ သင်းအုပ်ဆရာများသည်လည်းဘဲ အမှားမကင်းကြချေ။ သင်၏အမှားသည် သင်ရှေ့ဆက်လျှောက် လှမ်းမည့်အစား နောက်ပြန်လှည့် သွားစေနိုင်ပါသည်။ သင်၏တိုးတက်ပြောင်းလဲ ကြီးထွားခြင်းကို လည်းရပ်တန့်စေနိုင်ပါသည်။ မည်သည့်အမှားများကို သင်းအုပ်ဆရာများကပြုလုပ်တတ်ကြပါသနည်း။ သင်းအုပ်ဆရာတို့ထိပ်ဆုံးပြုလုပ်တတ်သော အမှားဆယ်ခုမှာ မည်သည့်အရာများဖြစ်တတ်သနည်း။ ဤထူးခြားသောစာအုပ်ကိုအဆုံး တိုင်အောင်လေ့လာဖတ်ရှူရန် သင့်ကိုအကြံပြုလိုပါသည်။ ဖတ်ရှူခြင်းဖြင့်ပြုလုပ်မည့်အမှား၏ အန္တရာယ်မှသင့်ကိုယ်သင်ကာကွယ်ပြီး သင်းအုပ်ဆရာများ ကိုလဲကျစေတတ်သော အဓိကအမှားများကို ရှောင်ကြည်နိုင်မည်ဖြစ်သည်။ ဤအလွန်အရေးကြီးသော စာအုပ်သည်သင်နှင့်သင့်သာသနာ အတွက်ကောင်းကြီးမင်္ဂလာ တစ်ခုဖြစ်လိမ့်မည်။
-
ဤလောကတွင် ဘုရားသခင်ပြုစေလိုသော အလုပ်များအားကျွန်ုပ်တို့မပြီးပဲကောင်းကင်ဘုံသို့ဝင်စား ရန် မည်သူ တစ်ဦး တစ်ယောက်၌မျှ အစီအစဉ်ရှိမည်မဟုတ်ပါ။ မည်သူမျှမရှိပါ။ ဘုရားသခင်စေခိုင်း တော်မူသောအလုပ် များအား ကျွန်ုပ်တို့ပြီး မြောက် အောင်မြင်လိုကြပါသည်။ ဤစာအုပ်သည် သင့်အမှုတော်လုပ်ငန်းအား မည်သို့ပြီး ပြည့်စုံစေရမည် ဟူသောအ ရာအကြောင်းဖြစ်ပါသည်။ ဤစာအုပ်သည် ထိုနေ့ရက်၌လိုအပ်နေသောအရာများ မတွေ့ရလေအောင် မွန်မြတ်သော အချိန် ကာလများအား ကျွန်ုပ်တို့မည်သို့တုန့်ပြန်မှုပြုရမည်ဆိုသောအရာအား လမ်းညွှန်ပြသပေးမည်ဖြစ် သည်။ သင့်အမှုတော် လုပ်ငန်းပြီးပြည့်စုံရန်နှင့် သာဓုသစ္စာရှိသော ငယ်သားကောင်းဟု ဘုရားသခင်ကသင့်အား ချီးမွမ်းပါစေဟု ကျွန်ုပ်ဆု တောင်းပေးပါသည်။
-
ကျွန်ုပ်တို့အများစုသည် သမ္မာကျမ်းစာတွင်ဖော်ပြထားသည့်ကောင်းမကောင်းသိကျွမ်းရာအပင်နှင့် ကျွန်ုပ်တို့အ ကြား ပတ်သက်ဆက်နွယ်မှုအား နားမလည်ပဲရှိနေတတ်ကြပါသည်။ ထိုအရာသည် အာဒံနှင့် ဧ၀တို့ကြုံတွေ့ ခဲ့ရသော အကြောင်းမလှသည့် အခြေအနေတစ်ရပ်ဖြစ်ပြီး ထိုအထဲမှ ကျွန်ုပ်တို့ လွတ်မြောက်ခဲ့ပြီးဖြစ်သည် ဟု တွေးမိတတ်ကြပါသည်။ ကောင်းမကောင်းသိကျွမ်းရာ အပင် မှ သင်အမှန်တကယ် လွတ်မြောက်ခြင်းရှိပြီလား။ ဤရှင်းလင်းသည့်စာအုပ်ထဲတွင် ကောင်းမကောင်းသိကျွမ်းရာ အပင်သည် ယနေ့ထိရှိနေဆဲဖြစ် ကြောင်း သင်သတိပြုမိလာပါလိမ့်မည်။ ထိုအပင်သည် အာဒံနှင့် ဧ၀တို့အားသွေးဆောင်ခဲ့သလို ကျွန်ုပ်တို့အားလည်း ယနေ့သွေးဆောင်မှုပြုလျက်ရှိနေကြောင်း သင်ရှာဖွေတွေ့ရှိလာပါလိမ့်မည်။ ဤစာအုပ်မှ သင်ရရှိမည့် အသိပ ညာအား အသုံးချခြင်းအားဖြင့် သင့်အမှုတော်လုပ်ငန်းနှင့် အသက် တာအားလမ်းညွှန်မှုပေးမည့် သမ္မာတရားအား သင်ရှာဖွေတွေ့ရှိပါလိမ့်မည်။
-
"....... မြို့ပြင်၊လမ်းမ၊ ခြံနားသို့သွားဦးလော့။ ငါ့အိမ်ကိုပြည့်စေခြင်းဌါအနိုင်အထက်ခေါ်သွင်းလော့" (လုကာ ၁၄:၂၃)
ဘုရားသခင်၏နှလုံးသားငိုကြွေးသံမှာ ဤကမ္ဘာလောကကြီးကယ်တင်ခြင်းသို့ရောက်၍ ဘုရားသခင်၏အိမ်တော် တည်းဟူသောအသင်းတော်ပြည့်စေဖို့ဖြစ်ပါသည်။ ဒီဗျာဒိတ်တော်အားဖြင့်"အသင်းတော်ကြီး" တည်းဟူသော စာအုပ်ကိုမွေးဖွားလာခြင်းဖြစ်ပြီး၊ ဂါနာနိုင်ငံတွင်အကြီး မားဆုံးအသင်းတော်ကြီးကို ဦးဆောင်သောသင်း အုပ်ဆရာ ကြီး ဒါန်ဟီဝိဒ်-မီလ်စ် ကရေးသားခြင်းဖြစ်ပါသည်။ ဒီစာအုပ်ကိုဖတ်ပြီးသောအခါတွင်သင်၏အသင်းတော်နှင့် သာသနာလုပ်ငန်းသည်အရင်ကနဲ့တူမည်မဟုတ်ပါ။ "ဒေါက်တာ ဒါန်ဟီဝိဒ်-မီလ်စ် သည်ခရစ်တော်အတွက်အ သက်တာဆက်ကပ်သောသူဖြစ်ပြီး ကမ္ဘာ့ဧဝံဂေလိ လုပ်ငန်းတွင်ပါဝင်လုပ်ဆောင်နေသော သူဖြစ်ပါသည်။ သူသည်ကြီးမားသောခေါင်းဆောင်ဖြစ်ပြီး အမှုတော်လုပ်ငန်းတွင်လုပ်ဆောင်နေသောအမှုတော်ဆောင်များ၏စံပြနမူနာယူလောက်သူဖြစ်ပါသည်။ကျွန်တော်များအပြည်ပြည်ဆိုင်ရာ အသင်းတော်ကြီးပွားခြင်းသာသနာသည် ဒေါက်တာ ဒါန်ဟီဝိဒ်-မီလ်စ် ကိုသူငယ်ချင်း မိတ်ဆွေအဖြစ်သိရခြင်းအတွက်သော်၎င်း၊ ကမ္ဘာ့သာသနာကွင်းတွင်အတူတကွ ပါဝင်လုပ် ဆောင်ခြင်းအတွက် သော်၎င်း အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းဖော်ပြလိုပါသည်။
ဒေါက်တာဒေးဗစ်ယုံကြည်ချိုး
ဥက္ကဌ၊ အပြည်ပြည်ဆိုင်ရာအသင်းတော်ကြီးထွားခြင်းသာသနာ