• လယ်ပြင်တို့သည်ဝင်းလျှက် ၀ိညာဉ်စပါးများရိတ်သိမ်းရန်မည့်နေသော်လည်း ဟောပြောမည့်သူများဘယ်မှာလဲ။ ဒါန်ဟီဝိဒ်-မီလ်စ် ရေးသားသောစာအုပ်သစ်မှာ ခရစ်ယာန်များ၏အရေးပေါ်ခေါ်ခြင်းဆိုင်ရာ ၀ိညာဉ်များဖမ်းသူဖြစ် ရန်ဖြစ်သည်။
  • အသင်းတော်များတွင် အကောင်းဆုံး သစ္စာမဲ့သောသူများဖြစ်လာကြမည့် ဟိတ်ဟန်ကောင်းသော သူများဖြင့် ပြည့်လျှက်ရှိသည်။ စာတန်၏ အဓိကသော့ချက်သည် အမြဲတမ်းအားဖြင့် လိမ်လည်လှည့် ဖြားခြင်းနှင့် ဟန်ဆောင်ခြင်းများဖြစ်သည်။ ခေါင်းဆောင်တစ်ယောက်သည် ဟန်ဆောင်တတ်သော သူတစ်ဦး၏ မျက်နှာဖုံးအား မမြင်နိုင်ပါက ထိုမျက်ကန်ခြင်း၏ အကျိုးကို ခံစားရပါလိမ့်မည်။ ခြိမ်းခြောက်ခြင်း၊ ရင်းနှီးကျွမ်းဝင်ခြင်းနှင့် ရှုတ်ထွေးခြင်းတို့သည် အမှုတော်ဆောင်ကို တိုက်ခိုက်နေ သော ၀ိညာဉ်ဆိုးများဖြစ်ပါသည်။ များစွာသော အချိန်၌ လူတို့သည် သူတို့ကို တိုက်ခိုက်နေသော အရာများကို မသိကြပါ။ သင့်အတွင်း၌ရှိသော ရန်သူများအား တိုက်ခိုက်ရန်နှင့် ဖေါ်ထုတ်ရန် ဤစာ အုပ်သည် သင့်အားကူညီပေးပါလိမ့်မည်။
  • ကျွန်ုပ်တို့အများစုသည် သမ္မာကျမ်းစာတွင်ဖော်ပြထားသည့်ကောင်းမကောင်းသိကျွမ်းရာအပင်နှင့်  ကျွန်ုပ်တို့အ ကြား ပတ်သက်ဆက်နွယ်မှုအား နားမလည်ပဲရှိနေတတ်ကြပါသည်။ ထိုအရာသည် အာဒံနှင့် ဧ၀တို့ကြုံတွေ့ ခဲ့ရသော အကြောင်းမလှသည့် အခြေအနေတစ်ရပ်ဖြစ်ပြီး ထိုအထဲမှ ကျွန်ုပ်တို့ လွတ်မြောက်ခဲ့ပြီးဖြစ်သည် ဟု တွေးမိတတ်ကြပါသည်။ ကောင်းမကောင်းသိကျွမ်းရာ အပင် မှ သင်အမှန်တကယ် လွတ်မြောက်ခြင်းရှိပြီလား။ ဤရှင်းလင်းသည့်စာအုပ်ထဲတွင် ကောင်းမကောင်းသိကျွမ်းရာ အပင်သည် ယနေ့ထိရှိနေဆဲဖြစ် ကြောင်း သင်သတိပြုမိလာပါလိမ့်မည်။ ထိုအပင်သည် အာဒံနှင့် ဧ၀တို့အားသွေးဆောင်ခဲ့သလို ကျွန်ုပ်တို့အားလည်း ယနေ့သွေးဆောင်မှုပြုလျက်ရှိနေကြောင်း သင်ရှာဖွေတွေ့ရှိလာပါလိမ့်မည်။ ဤစာအုပ်မှ သင်ရရှိမည့် အသိပ ညာအား အသုံးချခြင်းအားဖြင့် သင့်အမှုတော်လုပ်ငန်းနှင့် အသက် တာအားလမ်းညွှန်မှုပေးမည့် သမ္မာတရားအား သင်ရှာဖွေတွေ့ရှိပါလိမ့်မည်။
  • အနုပညာကို တိုးတက်အောင်ပြုလုပ်ခြင်းသည် အရည်အချင်း (သို့) ကျွမ်းကျင်မှုကို တိုးတက်အောင် ပြုလုပ်ခြင်းပင်ဖြစ်ပါသည်။ ထောက်ခံခြင်းသည် လူသား၏ကျွမ်းကျင်မှုမှ လာသည်ဟု သမ္မာကျမ်းစာ က ပြောထားပါသည်။အမှုတော်လုပ်ငန်းသည် ကြီးမားသော အရည်အချင်းကို တောင်းဆိုလျှက်ရှိပါ သည်။ `အမှုတော်မြတ်၏ အနုပညာရသ`ဆိုသည့် ဤစာအုပ်သည် အမှုတော်မြတ်ကိုလုပ်ဆောင်ချင်သော စိတ်ရှိသောသူအားလုံးအတွက် အရင်းအမြစ်ပမာ လိုအပ်သော စာအုပ်တစ်အုပ်ဖြစ်ပါသည်။ အမှုတော် နှင့်ပတ်သက်၍ မှန်ကန်သောအရာ၊ မှားယွင်းသောအရာ၊ အမှုတော်မြတ်၏ လုပ်ငန်းစဉ်၊ အမှုတော် ထဲ၌ရှိ လုပ်ဆောင်သောသူတွင်ရှိမည့် အရည်အချင်းများ၊ အမှုတော်တော်ဆောင် တစ်ယောက်၏ လုပ်ငန်းများ ပြုလုပ်ပြီးစီးခြင်း စသောအရာများကို ရှင်းလင်းစွာတင်ပြထားထားပါသည်။ အမှုတော်ထဲ၌ သင်လုပ်ဆောင်နေသောအလုပ်အပေါ်၌ အံသြမှင်သက်ဘူးပါသလား။ ဒက်ဟီဝါ့မိုင်စ် ရေးသားထားသည့် ထူးခြားသောဤစာအုပ်သည် ဘုရားသခင်၏ ခေါ်တော်မူခြင်း၏ ထိုက်တန်ပေါ်၌ လျှောက်လှမ်းနိုင်ဖို့ရန်နှင့် အမှုတော်လုပ်ငန်းများအတွက် သင့်ကိုယ်သင် လုံးလုံးလားလားဆက်ကပ် အပ်နှံဖို့ရန် စိန်ခေါ်မှုကိုဖြစ်စေပါလိမ့်မည်။
  • ပုံမှန်သမားရိုးကျ အကြောင်းအရာမဟုတ်သော်လည်း၊၀ိညာဉ်ရေးရာလဲပြိုခြင်းသည်ခရစ်ယာန်များအကြားတွင် အမြဲဖြစ်ပွား နေသော အရာတစ်ခုဖြစ်နေပါသည်။ လူများစွာတို့ အစပြုခဲ့ကြသော်လည်း လူတိုင်း အဆုံးထိတိုင် ရပ်တည်ကျန်ရစ်ခြင်း မရှိခဲ့ကြပါ။ ဤစာအုပ်၌ဘိရှော့ ဒါန်ဟီဝိဒ်-မိလ်စ်က အချက်ပေးမှုအားပြုကာ၊ ခရစ်ယာန်တိုင်း ဤအမှုအရာအား ကောင်း ကင်ရောက်သည်ထိတိုင် အောင်မြင်ရမည် အကြောင်းရှင်းလင်းစွာဖော်ပြထားပါသည်။
  • အသင်းတော်ကြီးထွားခြင်းသည် ပဟေဋ္ဌိဆန်ပြီး၊ အောင်မြင်ရန်လည်းခက်ခဲသောအရာဖြစ်သည်ကို ကျွန်တော် တို့အားလုံး သိကြပါသည်။ သင်းအုပ်ဆရာတိုင်း သူတို့အသင်းတော်ကြီးထွားရန်အလိုရှိကြပါသည်။ ဒီစာအုပ်က သင် ရှာဖွေနေသည့်အသင်းတော်ကြီးထွားခြင်းအကြောင်း ညွှန်ပြပေးပါလိမ့်မည်။ အသင်းတော်ကြီးထွားရန် မတူညီသည့်အ ရာများစွာ အတူတကွအလုပ်လုပ်ကြသည်ကို သင်နားလည်လာလိမ့်မည်။ ချစ်သောသင်းအုပ်ဆရာ၊ ဒီစာအုပ်ရှိစာလုံး များနှင့်ဘိသိက်ခြင်းတို့သည် သင့်နှလုံးသဲထဲသို့စိမ့်ဝင်လာသောအခါ သင်ဆုတောင်းခဲ့သည့်အရာဖြစ်သည့် အသင်း တော်ကြီးထွားခြင်းကို သင်ကိုယ်တိုင်တွေ့ကြုံလာလိမ့်မည်။
  • အသင်းတော်ထူထောင်ခြင်းသည် သြဇာကြီးမားသည့်ဘာသာရေးဂိုဏ်းအမှုတော်ဆောင်များကြားတွင် ပျံ့နှံ့ လျှက်ရှိသော ထူးခြားဆန်းကျယ်သည့်အသွင်အပြင်တို့ပင်ဖြစ်သည်။ ဤအရာသည် အစောပိုင်းတပည့် တော်များ၏ ကြီးမားသည့်လှုပ်ရှားမူလည်းဖြစ်သည်။ အောင်မြင်သည့်အသင်းတော်ထူထောင်ရာတွင် ကျွမ်း ကျင်မှုနှင့် မြောက်မြားစွာသောအကြောင်းရင်းများဆုပ်ကိုင်ထားရန်လိုအပ်ပေသည်။ ဒစ်ဟီဝိဒ်-မီလ်သည် ဤစာအုပ်ထဲတွင် အသင်းတော်ထူထောင်ရာ၌ပါဝင်သည့်များပြားလှသောအစိတ်အပိုင်းများကို ခွဲခြမ်းစိတ် ဖြာကာဖော်ပြထားသည်။ အသင်းတော်ထူထောင်ရန်ဘ၀အသက်တာ၌ရှုပါရုံထားရရှိထားသည့်သူတိုင်း အတွက် သင်ကြားလေ့လာသင့်သည့် လက်စွဲစာအုပ်ဖြစ်ပေသည်။
  • ယုံကြည်သူလူသစ်များအတွက် ကယ်တင်ခြင်းနှင့် ပတ်သက်သည့် အခြေခံအရာများနှင့် သူတို့၏ အသက်တာအား အုပ်စိုးနေသော စည်းမျဉ်းများအား သိနားလည်ရန်မှာ အရေးကြီးသောအရာတစ်ခု ဖြစ်သည်။ ယုံကြည်သူ လူသစ်များအတွက် သော့ချက်များ ဟူသောအရာသည် ထိုလိုအပ်ချက်များ အား ပြည့်စုံစေရန် အတွက်နှင့် သူတို့၏ အသစ်သောယုံကြည်ခြင်း၌ အောင်မြင်စွာလျှောက် လှမ်း နိုင်ရေးအတွက် အခြေခံအုတ်မြစ် များအား ထောက်မပေး နိုင်ရန်အတွက် ပုံစံထုတ် ရေးသားထားသော စာအုပ်ဖြစ်ပါသည်။
  • ဧ၀ံဂေလိတရားထိရောက်စေခြင်းနှင့် အတိုက်အခံပြခြင်း၊ စောဒကတက်ခြင်း၊ မသင်္ကာမှု၊ ခါးသီးသောခံစားချက် စသည်များကြုံတွေ့ရသော်လည်း ကောင်းမွန်သောအကျိုးကျေးဇူးရရှိစေသော ဤအနိုင်အထက်ပြုခြင်း တန်ခိုး ဆိုင်ရာ အကြောင်းကိုလေ့လာပါ။ ဒါန်ဟီဝိဒ်-မီလ်စ်ရေးသားသောစာအုပ်အားဖြင့် သင်လုပ်ဆောင်ခဲ့ဖူးသည် ထက်သာ၍ သင့်ကိုဝိညာဉ်ဖမ်း သူဖြစ်စေ မည်။
  • ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်း ရှုမှတ်ကြလော့`(ဖိလိပ္ပိ ၂း၎) ဟူ၍ နှုတ်ကပတ်တော်က ကျွန်ုပ်တို့ကို တိုက်တွန်းထားပါသည်။ စာအုပ်ထဲ၌ ဒက်ဟီဝါ့မိုင်စ်သည် မိမိကိုယ်မိမိတွေးခြင်း၊ အခြားသူများ၏အကြောင်းကို တွေးတောခြင်း စသောအရာထက် ပို၍ တွေးဖို့ရန် သင့်ကို စိန်ခေါ်ထားပါသည်။ အခြားသူများကိုလည်း ချစ်ခြင်း၊ စဉ်းစားပေးခြင်း၊ ဂရုစိုက်ခြင်း၊ တပါးသူအတွက် အသက်ရှင်ခြင်းစသောအရာများ လည်း ပြောထားပါသည်။ ယေရှုသည် `အခြားသူများ`အတွက် စဉ်းစားပေးသောကြောင့် ကျွန်ုပ်တို့အားလုံးအတွက် အသေခံရန် ကြွဆင်းလာခဲ့သည်။ ကျွန်ုပ်သည် သူနှင့်တူသော သူဖြစ်ချင်ပါသည်။ သင်သည် ယေရှုနှင့်တူသောသူ ဖြစ်ချင်ပါသလား။
  • ယေရှုခရစ်တော်သည် ကြွယ်ဝချမ်းသာခြင်းကို ဖြစ်စေသော တုန်လှုပ်ဖွယ်မူဝါဒ ကို ဖော်ပြပါသည်။ ရတတ်သောသူအား ပေးအုံးမည်ယူသောဖော်ပြချက်သည် မတရား သလိုမျိုးဖြစ်နေပါသည်။ သို့သော် ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀၌ မှန်ကန်ဖြစ်ပျက်နေသောအ ကြောင်းအရာပင်ဖြစ်ပါသည်။ ​​ဒီစာအုပ်တွင် ဒီလိုနားလည်ရခက်ခဲသော သမ္မာကျမ်းစာကို ရှင်းပြထားပါသည်။ ဒါန်ဟီဝိဒ်-မီလ်စ်၏ စာအုပ်ကို ဖတ်ရခြင်းအားဖြင့် ကြွယ်ဝချမ်းသာခြင်း၏ နက်နဲမှု များကိုသိနား လည်စေ သော ဥာဏ်ပညာများရရှိလာပါလိမ့်မည်။

Title

Go to Top