ဒက်ဟီဝါမိုင်စ်သည် အမရ င်းနရဆုံးနမသ `သစ္စ မစ င်သိခြင်းန င် သစ္စ မအခြင်းန` စ အုပ် အပါဝင် စ အုပ်မပါငးန် မှိးနစွ ကိုာမရးနသးနမသ သူတစ်မ က်ြ စ်ပါသည်ဖစ်ပါသည်။ သူသည် အသင်းနမတ်မပါင်းန တစ်မထ င်မကှိရိ အပြည်ပြည်ဆိုင်ရ အလင်းနအိမ်အသင်းနာမတ မတ်ဟုာမခမေသ အသင်းနမတ်၏ တည်မထ င်သြူ စ်ပါသည်ဖစ်ပါသည်။
ိုင်ငံတက ဧ၀ံမဂလိဆရ ဒက်ဟီဝါမိုင်စ်သည် ကမ တ၀န်းနအရိ အပြည်ပြည်ဆိုင်ရ အန မရ ဂါငြိမ်းနခြငးန် တရးနမဟ ပအွမှိးန င် အစည်းနအမ၀းနပွမအှိးနတငွ် အသုံးနမတ်ခံလှိက်ရိ ပါသည်ဖစ်ပါသည်။ ပိုမိုာ သိရိလိုပါက www.daghewardmills.org ကို ဆက်သွိုင်ပါသည်ဖစ်ပါသည်။

  • ကျွန်တော်တို့အားလုံးသည် "ကျိန်ခြင်းအမင်္ဂလာမရှိတော့မည့်" နေရာဘုန်းကျက်သရေနဲ့ပြည့် စုံမည့်အ ချိန်ကိုစောင့်မျှော်နေကြသည်။ ဤအရာသည် ကျွန်တော်တို့ဘဝတွင် ကံမကောင်းခြင်းများ၊ မကြာမကြာ အနှောက် အယှက်ကြုံရခြင်း၊ အရာအားလုံး အချည်းနှီးဖြစ်ခြင်း၊ စိတ်မချမ်းမြေ့မှု၊ စိတ်ပျက်မှုများကြုံတွေ့နေရသော ကြောင့်ဖြစ်သည်။ ထိုသို့သောအတွေ့အကြုံများက ကျွန်တော်တို့ကြုံတွေ့နေရသည့် ကျိန်ခြင်းကိုအကောင်းဆုံး ဖော်ပြထားပါသည်။ ကျွန်တော်တို့ လွှတ်မြှောက်နိုင်မလား။ လွှတ်မြောက်ရာ လမ်းကောရှိပါသလား။ ဒီစာအုပ်က ကျိန်ခြင်းကိုနားလည်အောင်ကူညီပေးပြီး၊ ကောင်းချီး မင်္ဂလာရရန် ဘယ်လိုလုပ်ဆောင်ရမည်ကိုပြောပြပေလိမ့်မည်။
  • သင်တို့သည် ဆုတောင်းသောအခါ သူတပါး၌အပြစ်တင်ခွင့်ရှိလျင် သူ့အပြစ်ကိုလွှတ်ကြလော့။ လွှတ်လျင် ကောင်းကင် ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။ သင်တို့သည် သူ့အပြစ်ကိုမလွှတ်လျင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကိုလွှတ်တော်မမူဟု မိန့်တော်မူ၏ (မာကု၊၁၁း၂၅-၂၆)။ ထိုကျမ်းပိုဒ်နှစ်ခုက သင့်အား တုန်လှုပ်သွားစေပါသလား။ ထိုသို့ဖြစ်ပါက သင့်ထံ၌ ဖြေရှင်းရန်နည်းလမ်းဤ စာအုပ်တွင်ရှိ ပါသည်။ အလွန်တရာလိုအပ်သော ဤစာအုပ်တွင် လွယ်ကူစွာခွင့်လွှတ်နိုင်သော နည်းလမ်းအား သင်ယူနိုင်ပါသည်။ ထိုသို့သော အားဖြင့် ကျွန်ုပ်တို့ ကောင်းကင်အဘ၏ ခွင့်လွှတ်ခြင်း၌ သင်ဝမ်းမြောက်ရလိမ့်မည်  ဖြစ်သည်။ လွယ်ကူစွာ ၊ စိတ်နှလုံးသား ပါလျက် သင်ခွင့်လွှတ်လာနိုင်သော အခြေအနေသို့ရောက် လာသည်အထိဤစာ အုပ်အား သင့်အဖော်ဖြစ်စေပါ။
  • ​ဤစာအုပ်သည် ယေရှုခရစ်တော်အားဖြင့် ကယ်တင်ခြင်းတရားကို ထိရောက်စွာနားလည်စေနိုင်သော စအုပ်ကောင်းဖြစ်ပါသည်။ ဤစာအုပ်တွင် ယေရှုကသင့်ကို ဘယ်လောက်ချစ်ကြောင်း၊ သင်ဘယ်လိုဒုတိယမွေး ဖွါးခြင်းရနိုင်သလဲ၊ ငရဲကိုသွားရန် ဘယ်လိုရှောင်မလဲ၊ ခရစ်တော်အားဖြင့် ဘယ်လိုအသစ်ဖန်ဆင်းခြင်းဆိုတာ ဘာလဲဆိုတဲ့ အားကိုနားလည်စေရန် ရှင်းပြထားပါသည်။ ​ယေရှုခရစ်တော်၏အသွေးတော်အားဖြင့် ဘယ်လိုကယ်တင်ခြင်းရရှိကြောင့် နားလည်စေရန် ဒီစာအုပ်အား လူတိုင်းဖတ်ရှုရန် လက်ကမ်းလိုက်ပါ။
  • ဒီလောကသို့ လူ့အသက်တစ်ချောင်းအဖြစ် အသက်ရှင်သန်လာခြင်းသည် စစ်ပွဲဖြစ်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် စစ်ပွဲကိုရွေးချယ်သည်ဖြစ်စေ၊ မရွေးချယ်သည်ဖြစ်စေ ယခုကြုံတွေ့ရင်ဆိုင်နေရပြီဖြစ်သည်။ သင်တို့ဘဝ သည် စစ်ပွဲနှင့်တူသည်ဟု ကျမ်းစာကပြောထားသည်။ ထို့ကြောင့်သင်သည် ကောင်းစွာသောတိုက်လှန်ခြင်းကို ပြုလုပ်ပြီး စစ်ပွဲကိုအနိုင်ယူ လိုက်ပါ။ စာအုပ်ပါ စစ်ပွဲတိုက်ခိုက်ပုံတိုက်ခိုက်နည်းသည် ခေါင်းဆောင်တိုင်းဖတ်သင့်သည့် အကြောင်းအရာများ ဖြစ်သည်။
  • ဤဂန္ထဝင်စာအုပ်တွင် ဒါန်ဟီဝိဒ်-မီလ်စ်သည် ကျယ်ပြန့်ပြီးလက်တွေ့ကျလှသော အိမ်ထောင်ရေး အကြောင်းကို အတွင်းကျကျ ဖော်ပြထားပါသည်။ အလွန့်အလွန်ထူးခြားသော ဤ စာအုပ်သည် အိမ်ထောင် ရေးအတိုင်ပင်ခံများနှင့် စုံတွဲများအတွက် အားကိုးအားထားပြုနိုင်သော စာအုပ်အဖြစ်အဆင်သင့် အသုံးပြုနိုင်ပါ သည်။ ဤစာအုပ်တွင် သင့်အိမ်ထောင်ရေးကို မြင့်တင်ပေးရန် အားအင်သစ်နှင့် စိတ်နိုးကြားမှုကို သင်ရှာတွေ့ ပေလိမ့်မည်။
  • ဆယ်ဖို့တစ်ဖို့ပေးခြင်းသည် ရှေးယခင်ကတည်းက ဂျူးလူမျိုးများကကျင့်သုံးလာခဲ့ကြပြီး ချမ်းသာခြင်း ကိုပေးပေမယ့် ယနေ့တွင်လူအများသည် ထိုဆယ်ဖို့တစ်ဖို့အယူအဆနှင့်စပ်လျဉ်း၍ရှုပ်ထွေးကြဆဲဖြစ် သည်။ ဤစာအုပ်တွင် ဘုန်းတော်ကြီး ဒတ်ဟီးဝါ့ဒ်-မီးလ်သည် ကြွယ်ဝခြင်းနိမိတ်လက္ခဏာနှင့်ချမ်းသာ ခြင်းအခြေခံသဘောတရားကို ဆယ်ဖို့တစ်ဖို့ပေးခြင်းက အဘယ်သို့ဖန်တီးပေးကြောင်းသွန်သင်ထား ပါသည်။ ဒတ်ဟီးဝါ့ဒ်-မီးလ်ရေးသားသည့် ဂန္တဝင်စာအုပ်ကိုဖတ်ရှုလိုက်ပါ။
  • ယေရှုခရစ်တော်သည် ကြွယ်ဝချမ်းသာခြင်းကို ဖြစ်စေသော တုန်လှုပ်ဖွယ်မူဝါဒ ကို ဖော်ပြပါသည်။ ရတတ်သောသူအား ပေးအုံးမည်ယူသောဖော်ပြချက်သည် မတရား သလိုမျိုးဖြစ်နေပါသည်။ သို့သော် ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀၌ မှန်ကန်ဖြစ်ပျက်နေသောအ ကြောင်းအရာပင်ဖြစ်ပါသည်။ ​​ဒီစာအုပ်တွင် ဒီလိုနားလည်ရခက်ခဲသော သမ္မာကျမ်းစာကို ရှင်းပြထားပါသည်။ ဒါန်ဟီဝိဒ်-မီလ်စ်၏ စာအုပ်ကို ဖတ်ရခြင်းအားဖြင့် ကြွယ်ဝချမ်းသာခြင်း၏ နက်နဲမှု များကိုသိနား လည်စေ သော ဥာဏ်ပညာများရရှိလာပါလိမ့်မည်။
  • ကျမ်းစာက အသွေးအမျိုးမျိုးဖော်ပြလျှက်ရှိပါသည်။ ဆိတ်သူငယ်၏အသွေး၊ သိုးသူငယ်၏အသွေး နှင့်ချိုးငှက်၏ အသွေးများဖြစ်ကြသည်။ ထိုသည်မက အသွေးသွန်းခြင်းမရှိပဲ အပြစ်ဖြေလွှတ်ခြင်းမရှိကြောင်းကိုလည်း ကျမ်းစာကထပ်ပြော ပါသည်။ ဒါနဲ့ ဤကွဲပြားသောအသွေးများက ကျွန်ပ်တို့၏အပြစ်ကိုဆေးကြောပေးနိုင်သလား။ အဖြေက လုံးဝမဟုတ်ပါ။ မဆေးကြောနိုင်ပါ။  ဒါဆို ကျွန်ပ်တို့အပြစ်များကိုမည်ကဲ့သို့ဆေးကြောနိုင်မည်နည်း။ ယေရှုခရစ်တော်၏အသွေးကလွှဲပြီး ဘယ်အရာက မှ ကျွန်ပ်တို့အပြစ်များကိုဆေးကြောနိုင်ခြင်းမရှိပါ။ ယေရှု၏အသွေးတော်သာလျှင် ကျွန်ပ်တို့အပြစ်ကိုဆေးကြာ နိုင်ခြင်း တန်ခိုး ရှိပြီး ကယ်တင်ခြင်းသို့ပို့ဆောင်စေသည်။ ​ဒီအရေးပါသောစာအုပ်တွင် စစ်မှန်သော ယေရှုခရစ်တော်၏အသွေးတော်အကြောင်းကို သင်သိရှိရလိမ့်မည်ဖြစ် သည်။ ယေရှု၏အသွေးတော်က မည်ကဲ့သို့အသက်ကိုပေးကြောင်းနှင့် မည်မျှလောက်အရေးကြီးကြောင်း ရှင်းလင်းစွာသိရှိရ မည်ဖြစ်သည်။ ယေရှု၏အသွေးတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့အကြား အပြန်အလှန်ဆက်နွယ်မှုကိုလည်း သင်နား လည်လိမ့်မည်ဖြစ်သည်။ ယေရှု၏အသွေးတော်၌ တန်းခိုးတော်ရှိပါသည်။
  • ဒီစာအုပ်ထဲမှာ စာရေးသူက ဝိညာဉ်ရေးရာမှာ ယုံကြည်သူများ အဓိကသော့ချက်ကို လက် ခံရရှိဖို့တွက် ခန္ဓာကိုယ်ပိုင်ဆိုင်ရာသော်၎င်း၊ ငွေရေးကြေးရေးသော်၎င်း၊ အရာဝတ္ထုပိုင်းဆိုင်ရာတွေ ကို ခက်ခဲစွာဖြတ်ကျော်နိုင်ဖို့ ရေးသားထားပါသည်။
  • ဒါန်ဟီဝိဒ်-မီလ်စ် ရေးသားသောဤစာအုပ်တွင် နတ်ဆိုး၏လုပ်ရှုားမှုကို မျက်နှာဖုံးချွတ်ဖော်ပြထား ပါသည်။ ဂါနာနိုင်ငံရှိ စိတ်မနက်သောသူအကြောင်းပုံဥပမာဖော်ပြခြင်းဖြင့်၊ နတ်ဆိုးများနှင့် မကောင်းဆိုးဝါးများ ကိုမည်ကဲ့သို့တိုက်ခိုက်ရန် လမ်းညွန်ပေးပါသည်။
  • ဘယ်လိုဆုတောင်း၍ ဘာကိုဆုတောင်းသင့်သနည်း။ ဆုတောင်းခြင်း သည် ဘာကြောင့် လျှို့ဝှက် ဆန်းကျယ်နေ သနည်း။ အချိန်ကြာမြှင့်စွာ ဘယ်လိုနှင့် သင်ဆုတောင်းနိုင် သနည်း။ ကျွန်တော်လိုအပ်သော အရာများကို ဘုရားကြိုတင်၍ မသိခြင်းလော။ ကျွန်တော်ဆုမတောင်းလျှင်ဘာတွေဖြစ်လာမည်နည်း။ကျွန်တော်၏ ဆုတောင်းချက်များ အမှန်ပင် အဖြေရမည်လော၊ စသည် မေးခွန်းများကို စာရေးဆရာ ဒက်ဟေးဝါဒ်မီးလ်၏ လက်တွေ့ကျပြီးအကျုံးဝင် သောစာအုပ်ထဲတွင်လေ့ လာမြည်းစမ်းပါ။
  • ခရစ်ယာန်တစ်ယောက်အနေဖြင့် သင့်ဘ၀အသက်တာထဲ၌ ကြီးမားဆုံးနှင့် ချိုမြိန်သောလွှမ်းမိုးမှု သည် သန့်ရှင်းသောဝိညာဉ်တော်ပင်ဖြစ်သင့်ပါသည်။ ဤစာအုပ်သည် သင်၏အကျင့်စရိတ္တ၊ သင်၏အတွေးအခေါ်၊ သင်၏ဖန်တီးနိုင်မှု စသောအရာများကို နားလည်ဖို့ရန်သင့်အား ဖြစ်စေသည် သာမက သန့်ရှင်းစွာဖြင့် နေထိုင်ဖို့ရန်သင်၏အရည်အချင်းကိုလည်း သန့်ရှင်းသောဝိညာဉ်တော် အားဖြင့် လွှမ်းမိုးခြင်းခံရနိုင်ပါသည်။ ဒက်ဟီဝါ့မိုင်စ် ရေးသားထားသည့် ဤထူးကဲလွန်းသော စာအုပ်အားဖြင့် သင်သည် သင့်ဘ၀အသက်တာတစ်ခုလုံးကို လွှမ်းမိုးရန်၊ စေ့ဆော်ရန်၊ ထိရောက် ရန်နှင့် ပြောင်းလဲရန်အတွက် သန့်ရှင်းသောဝိညာဉ်တော်ကို ခွင့်ပြုရမည်ဖြစ်သည်။

Title

Go to Top