• ဒီစာအုပ်တွင် သင်အလွတ်ကျက်မှတ်သင့်သည့် အရေးကြီးကျမ်းပိုဒ်များကို တွေ့ရှိပေလိမ့်မည်။ ယေရှု သည် ကျမ်းစာကို အာဂုံဆောင်သည်၊ ကျွန်တော်တို့လည်းပဲ အလွတ်ကျက်ရမည်။ ကျမ်းစာ အလွတ်ကျက်မှတ်ရန် ရည်ရွယ်ချက်ထားရှိပြီး၊ ကောင်းမွန်တိုးတက်သော စရိုက်ကိုတည်ဆောက်ကြရအောင်။ ကျွန်တော်တို့သည် ယေရှုနောက်လိုက်တော်များ ဖြစ်ကြသည်။
  • ဒီနေ့သာသနာလုပ်ငန်းထဲမှာ ဒတ်ဟက်ဝလ်-မီလ်ဟာဆိုရင် အခြေအနေတွေကိုကြည့်ပြီး ရပ်တည်ဖို့ရန်တွက် စစ်မှန်သောအရာအားဖြင့် လုပ်ဖို့ရန်သတိပေးခြင်းဖြစ်သည်။ သူ့ရဲ့အဓိကဖော် ပြချက်တွေဟာဆိုရင် သာသနာပြုခြင်း၊ ဆန့်ကျင်ဘက်၊ လိင်ပိုင်းဆိုင်ရာ၊ နိုင်ငံရေးနှင့်ငွေရေးကြေး ရေးတွေ ထိုအရာတွေကို အဓိကရည်ညွန်းပြီး လက်တွေ့လုပ်ဆောင်ဖို့ တိုက်တွန့်ထားပါသည်။ သင့်ရဲ့ခေါ်ခြင်းနှင့်ပတ်သက်၍ တကယ့်လက်တွေ့လုပ်ဆောင်ခြင်းရှိဖို့ရန် လမ်းညွန်ပြ သည်။ ဒီစာအုပ်ဟာဆိုရင် ခရစ်ယာန်ခေါင်းဆောင်တိုင်းတွက်ဖြစ်သည်။ အထူးသဖြင့် ကျမ်းစာ ကျောင်းများအတွက် ထောက်ခံပေးသောအရာနှင့်ခရစ်ယာန်ကြီးများတွက် ဖြစ်ပါသည်။
  • သိုးထိန်းဆိုသည့် စကားကို သင်ကြားသည့်အခါ အရာတစ်ခုသင့်ထံ ဖြစ်ပေါ်လာပါသည်။ သိုး…. သိုးများသည် သိုးထိန်းများကိုလိုအပ်သည့် သတ္တ၀ါများဖြစ်ကြပါသည်။ သိုးထိန်းသည် သူများကို ချစ်ခြင်းမေတ္တာနှင့် စောင့်ရှောက်လမ်းပြရန်ပင်ဖြစ်ပါသည်။ သမ္မာကျမ်းစာထဲ၌ ဘုရားသခင်သည် ကျွန်ုပ်တို့၏ သူ၏စားကျက်၌ ကျက်စားသော သိုးစုများအဖြစ် ညွန်းဆိုထား ပါသည်။ ယေရှုသည် သူ၏တပည့်တော် ပေတရုအား ကယ်တင်ရှင်အတွက် သူ၏ချစ်ခြင်းမေတ္တာကို ပြသရန်အတွက် ခရစ်တော်၏သိုးများကို ကျွေးမွေးရန် သွန်သင်ခဲ့ပါသည်။ သိုးထိန်းတစ် ယောက်ဖြစ်ခြင်းသည် အလွန်ကြီးမားသော အလုပ်ဖြစ်ပါသည်။ ဘုရားသခင်၏ လုပ်ငန်းခွင်ထဲ ၌ သိုးများကို ကြည့်ရှုဖို့ရန်အတွက် ဘုရားသခင်၏ ခေါ်တော်မူခြင်းကိုခံရသောအားဖြင့် ဂုဏ်ပြု ခြင်းကို ခံကြရပါသည်။ ဤစာအုပ်ထဲ၌ ဘုရားသခင်၏ လူများကို ကြည့်ရှုဖို့ရန်အတွက် ကြီးမားသော အလုပ်တွင် ၀င်ရောက်ဖို့ရန်အတွက် ဒက်ဟီဝါ့မိုင်စ်သည် ကျွန်ုပ်တို့အား ဖိတ်ခေါ်ခြင်း၊ တောင်းဆိုခြင်း၊ ပြသခြင်းများကို ပြုလုပ်ခဲ့ပါသည်။ သိုးထိန်းတစ်ယောက်ဖြစ်လာဖို့ရန်အတွက် ဤလှပသော အလုပ်မှ ထွက် ခွါမသွားပါနှင့်။
  • သင်သည်ဘုရားသခင်၏သိုးအုပ်တို့ကိုထိန်းကျောင်းပေးနေသောသိုးထိန်းဖြစ်လျှင်၊ ဤကောင်းမွန် စွာပြုစု ထားသည့်စာအုပ်က သင့်အားကြီးမားစွာအထောက်အကူဖြစ်စေမည်ပင်ဖြစ် သည်။ ဤစာမျက်နှာ များတွင် အသေးစိပ်ပါဝင်ထားပြီး၊ ကရုတစိုက်စွာဖြင့်သွန်သင်ချက်များကို ရွေးချယ်ပြုစုထား သည့်အတွက် အောင်မြင်သည့်အသက်တာရရှိရန်အတွက်အရေးပါလှပါသည်။ ဘုန်းတော်ကြီး ဒါန်ဟီဝိဒ်-မီလ်စ်က သူ၏နှစ်သုံးဆယ် အမှုတော်မြတ်တွင်သိုးထိန်းတစ်ဦးအဖြစ် တွေ့ကြုံခံစားရသော အတွေ့အကြုံများကို အမူတော်မြတ်ထဲ၌အမှုဆောင်ခဲ့သည့် လက်တွေ့ပြုလုပ် ခဲ့ခြင်းများကို စုစည်းဝေငှထား ခြင်းဖြစ်ပေသည်။
  • လယ်ပြင်တို့သည်ဝင်းလျှက် ၀ိညာဉ်စပါးများရိတ်သိမ်းရန်မည့်နေသော်လည်း ဟောပြောမည့်သူများဘယ်မှာလဲ။ ဒါန်ဟီဝိဒ်-မီလ်စ် ရေးသားသောစာအုပ်သစ်မှာ ခရစ်ယာန်များ၏အရေးပေါ်ခေါ်ခြင်းဆိုင်ရာ ၀ိညာဉ်များဖမ်းသူဖြစ် ရန်ဖြစ်သည်။
  • အသင်းတော်များတွင် အကောင်းဆုံး သစ္စာမဲ့သောသူများဖြစ်လာကြမည့် ဟိတ်ဟန်ကောင်းသော သူများဖြင့် ပြည့်လျှက်ရှိသည်။ စာတန်၏ အဓိကသော့ချက်သည် အမြဲတမ်းအားဖြင့် လိမ်လည်လှည့် ဖြားခြင်းနှင့် ဟန်ဆောင်ခြင်းများဖြစ်သည်။ ခေါင်းဆောင်တစ်ယောက်သည် ဟန်ဆောင်တတ်သော သူတစ်ဦး၏ မျက်နှာဖုံးအား မမြင်နိုင်ပါက ထိုမျက်ကန်ခြင်း၏ အကျိုးကို ခံစားရပါလိမ့်မည်။ ခြိမ်းခြောက်ခြင်း၊ ရင်းနှီးကျွမ်းဝင်ခြင်းနှင့် ရှုတ်ထွေးခြင်းတို့သည် အမှုတော်ဆောင်ကို တိုက်ခိုက်နေ သော ၀ိညာဉ်ဆိုးများဖြစ်ပါသည်။ များစွာသော အချိန်၌ လူတို့သည် သူတို့ကို တိုက်ခိုက်နေသော အရာများကို မသိကြပါ။ သင့်အတွင်း၌ရှိသော ရန်သူများအား တိုက်ခိုက်ရန်နှင့် ဖေါ်ထုတ်ရန် ဤစာ အုပ်သည် သင့်အားကူညီပေးပါလိမ့်မည်။
  • ကျွန်ုပ်တို့အများစုသည် သမ္မာကျမ်းစာတွင်ဖော်ပြထားသည့်ကောင်းမကောင်းသိကျွမ်းရာအပင်နှင့်  ကျွန်ုပ်တို့အ ကြား ပတ်သက်ဆက်နွယ်မှုအား နားမလည်ပဲရှိနေတတ်ကြပါသည်။ ထိုအရာသည် အာဒံနှင့် ဧ၀တို့ကြုံတွေ့ ခဲ့ရသော အကြောင်းမလှသည့် အခြေအနေတစ်ရပ်ဖြစ်ပြီး ထိုအထဲမှ ကျွန်ုပ်တို့ လွတ်မြောက်ခဲ့ပြီးဖြစ်သည် ဟု တွေးမိတတ်ကြပါသည်။ ကောင်းမကောင်းသိကျွမ်းရာ အပင် မှ သင်အမှန်တကယ် လွတ်မြောက်ခြင်းရှိပြီလား။ ဤရှင်းလင်းသည့်စာအုပ်ထဲတွင် ကောင်းမကောင်းသိကျွမ်းရာ အပင်သည် ယနေ့ထိရှိနေဆဲဖြစ် ကြောင်း သင်သတိပြုမိလာပါလိမ့်မည်။ ထိုအပင်သည် အာဒံနှင့် ဧ၀တို့အားသွေးဆောင်ခဲ့သလို ကျွန်ုပ်တို့အားလည်း ယနေ့သွေးဆောင်မှုပြုလျက်ရှိနေကြောင်း သင်ရှာဖွေတွေ့ရှိလာပါလိမ့်မည်။ ဤစာအုပ်မှ သင်ရရှိမည့် အသိပ ညာအား အသုံးချခြင်းအားဖြင့် သင့်အမှုတော်လုပ်ငန်းနှင့် အသက် တာအားလမ်းညွှန်မှုပေးမည့် သမ္မာတရားအား သင်ရှာဖွေတွေ့ရှိပါလိမ့်မည်။
  • အနုပညာကို တိုးတက်အောင်ပြုလုပ်ခြင်းသည် အရည်အချင်း (သို့) ကျွမ်းကျင်မှုကို တိုးတက်အောင် ပြုလုပ်ခြင်းပင်ဖြစ်ပါသည်။ ထောက်ခံခြင်းသည် လူသား၏ကျွမ်းကျင်မှုမှ လာသည်ဟု သမ္မာကျမ်းစာ က ပြောထားပါသည်။အမှုတော်လုပ်ငန်းသည် ကြီးမားသော အရည်အချင်းကို တောင်းဆိုလျှက်ရှိပါ သည်။ `အမှုတော်မြတ်၏ အနုပညာရသ`ဆိုသည့် ဤစာအုပ်သည် အမှုတော်မြတ်ကိုလုပ်ဆောင်ချင်သော စိတ်ရှိသောသူအားလုံးအတွက် အရင်းအမြစ်ပမာ လိုအပ်သော စာအုပ်တစ်အုပ်ဖြစ်ပါသည်။ အမှုတော် နှင့်ပတ်သက်၍ မှန်ကန်သောအရာ၊ မှားယွင်းသောအရာ၊ အမှုတော်မြတ်၏ လုပ်ငန်းစဉ်၊ အမှုတော် ထဲ၌ရှိ လုပ်ဆောင်သောသူတွင်ရှိမည့် အရည်အချင်းများ၊ အမှုတော်တော်ဆောင် တစ်ယောက်၏ လုပ်ငန်းများ ပြုလုပ်ပြီးစီးခြင်း စသောအရာများကို ရှင်းလင်းစွာတင်ပြထားထားပါသည်။ အမှုတော်ထဲ၌ သင်လုပ်ဆောင်နေသောအလုပ်အပေါ်၌ အံသြမှင်သက်ဘူးပါသလား။ ဒက်ဟီဝါ့မိုင်စ် ရေးသားထားသည့် ထူးခြားသောဤစာအုပ်သည် ဘုရားသခင်၏ ခေါ်တော်မူခြင်း၏ ထိုက်တန်ပေါ်၌ လျှောက်လှမ်းနိုင်ဖို့ရန်နှင့် အမှုတော်လုပ်ငန်းများအတွက် သင့်ကိုယ်သင် လုံးလုံးလားလားဆက်ကပ် အပ်နှံဖို့ရန် စိန်ခေါ်မှုကိုဖြစ်စေပါလိမ့်မည်။
  • ပုံမှန်သမားရိုးကျ အကြောင်းအရာမဟုတ်သော်လည်း၊၀ိညာဉ်ရေးရာလဲပြိုခြင်းသည်ခရစ်ယာန်များအကြားတွင် အမြဲဖြစ်ပွား နေသော အရာတစ်ခုဖြစ်နေပါသည်။ လူများစွာတို့ အစပြုခဲ့ကြသော်လည်း လူတိုင်း အဆုံးထိတိုင် ရပ်တည်ကျန်ရစ်ခြင်း မရှိခဲ့ကြပါ။ ဤစာအုပ်၌ဘိရှော့ ဒါန်ဟီဝိဒ်-မိလ်စ်က အချက်ပေးမှုအားပြုကာ၊ ခရစ်ယာန်တိုင်း ဤအမှုအရာအား ကောင်း ကင်ရောက်သည်ထိတိုင် အောင်မြင်ရမည် အကြောင်းရှင်းလင်းစွာဖော်ပြထားပါသည်။
  • အသင်းတော်ကြီးထွားခြင်းသည် ပဟေဋ္ဌိဆန်ပြီး၊ အောင်မြင်ရန်လည်းခက်ခဲသောအရာဖြစ်သည်ကို ကျွန်တော် တို့အားလုံး သိကြပါသည်။ သင်းအုပ်ဆရာတိုင်း သူတို့အသင်းတော်ကြီးထွားရန်အလိုရှိကြပါသည်။ ဒီစာအုပ်က သင် ရှာဖွေနေသည့်အသင်းတော်ကြီးထွားခြင်းအကြောင်း ညွှန်ပြပေးပါလိမ့်မည်။ အသင်းတော်ကြီးထွားရန် မတူညီသည့်အ ရာများစွာ အတူတကွအလုပ်လုပ်ကြသည်ကို သင်နားလည်လာလိမ့်မည်။ ချစ်သောသင်းအုပ်ဆရာ၊ ဒီစာအုပ်ရှိစာလုံး များနှင့်ဘိသိက်ခြင်းတို့သည် သင့်နှလုံးသဲထဲသို့စိမ့်ဝင်လာသောအခါ သင်ဆုတောင်းခဲ့သည့်အရာဖြစ်သည့် အသင်း တော်ကြီးထွားခြင်းကို သင်ကိုယ်တိုင်တွေ့ကြုံလာလိမ့်မည်။
  • အသင်းတော်ထူထောင်ခြင်းသည် သြဇာကြီးမားသည့်ဘာသာရေးဂိုဏ်းအမှုတော်ဆောင်များကြားတွင် ပျံ့နှံ့ လျှက်ရှိသော ထူးခြားဆန်းကျယ်သည့်အသွင်အပြင်တို့ပင်ဖြစ်သည်။ ဤအရာသည် အစောပိုင်းတပည့် တော်များ၏ ကြီးမားသည့်လှုပ်ရှားမူလည်းဖြစ်သည်။ အောင်မြင်သည့်အသင်းတော်ထူထောင်ရာတွင် ကျွမ်း ကျင်မှုနှင့် မြောက်မြားစွာသောအကြောင်းရင်းများဆုပ်ကိုင်ထားရန်လိုအပ်ပေသည်။ ဒစ်ဟီဝိဒ်-မီလ်သည် ဤစာအုပ်ထဲတွင် အသင်းတော်ထူထောင်ရာ၌ပါဝင်သည့်များပြားလှသောအစိတ်အပိုင်းများကို ခွဲခြမ်းစိတ် ဖြာကာဖော်ပြထားသည်။ အသင်းတော်ထူထောင်ရန်ဘ၀အသက်တာ၌ရှုပါရုံထားရရှိထားသည့်သူတိုင်း အတွက် သင်ကြားလေ့လာသင့်သည့် လက်စွဲစာအုပ်ဖြစ်ပေသည်။

Title

Go to Top