• ဤဂန္ထဝင်စာအုပ်တွင် ဒါန်ဟီဝိဒ်-မီလ်စ်သည် ကျယ်ပြန့်ပြီးလက်တွေ့ကျလှသော အိမ်ထောင်ရေး အကြောင်းကို အတွင်းကျကျ ဖော်ပြထားပါသည်။ အလွန့်အလွန်ထူးခြားသော ဤ စာအုပ်သည် အိမ်ထောင် ရေးအတိုင်ပင်ခံများနှင့် စုံတွဲများအတွက် အားကိုးအားထားပြုနိုင်သော စာအုပ်အဖြစ်အဆင်သင့် အသုံးပြုနိုင်ပါ သည်။ ဤစာအုပ်တွင် သင့်အိမ်ထောင်ရေးကို မြင့်တင်ပေးရန် အားအင်သစ်နှင့် စိတ်နိုးကြားမှုကို သင်ရှာတွေ့ ပေလိမ့်မည်။
  • ဆယ်ဖို့တစ်ဖို့ပေးခြင်းသည် ရှေးယခင်ကတည်းက ဂျူးလူမျိုးများကကျင့်သုံးလာခဲ့ကြပြီး ချမ်းသာခြင်း ကိုပေးပေမယ့် ယနေ့တွင်လူအများသည် ထိုဆယ်ဖို့တစ်ဖို့အယူအဆနှင့်စပ်လျဉ်း၍ရှုပ်ထွေးကြဆဲဖြစ် သည်။ ဤစာအုပ်တွင် ဘုန်းတော်ကြီး ဒတ်ဟီးဝါ့ဒ်-မီးလ်သည် ကြွယ်ဝခြင်းနိမိတ်လက္ခဏာနှင့်ချမ်းသာ ခြင်းအခြေခံသဘောတရားကို ဆယ်ဖို့တစ်ဖို့ပေးခြင်းက အဘယ်သို့ဖန်တီးပေးကြောင်းသွန်သင်ထား ပါသည်။ ဒတ်ဟီးဝါ့ဒ်-မီးလ်ရေးသားသည့် ဂန္တဝင်စာအုပ်ကိုဖတ်ရှုလိုက်ပါ။
  • ယေရှုခရစ်တော်သည် ကြွယ်ဝချမ်းသာခြင်းကို ဖြစ်စေသော တုန်လှုပ်ဖွယ်မူဝါဒ ကို ဖော်ပြပါသည်။ ရတတ်သောသူအား ပေးအုံးမည်ယူသောဖော်ပြချက်သည် မတရား သလိုမျိုးဖြစ်နေပါသည်။ သို့သော် ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀၌ မှန်ကန်ဖြစ်ပျက်နေသောအ ကြောင်းအရာပင်ဖြစ်ပါသည်။ ​​ဒီစာအုပ်တွင် ဒီလိုနားလည်ရခက်ခဲသော သမ္မာကျမ်းစာကို ရှင်းပြထားပါသည်။ ဒါန်ဟီဝိဒ်-မီလ်စ်၏ စာအုပ်ကို ဖတ်ရခြင်းအားဖြင့် ကြွယ်ဝချမ်းသာခြင်း၏ နက်နဲမှု များကိုသိနား လည်စေ သော ဥာဏ်ပညာများရရှိလာပါလိမ့်မည်။
  • ကျမ်းစာက အသွေးအမျိုးမျိုးဖော်ပြလျှက်ရှိပါသည်။ ဆိတ်သူငယ်၏အသွေး၊ သိုးသူငယ်၏အသွေး နှင့်ချိုးငှက်၏ အသွေးများဖြစ်ကြသည်။ ထိုသည်မက အသွေးသွန်းခြင်းမရှိပဲ အပြစ်ဖြေလွှတ်ခြင်းမရှိကြောင်းကိုလည်း ကျမ်းစာကထပ်ပြော ပါသည်။ ဒါနဲ့ ဤကွဲပြားသောအသွေးများက ကျွန်ပ်တို့၏အပြစ်ကိုဆေးကြောပေးနိုင်သလား။ အဖြေက လုံးဝမဟုတ်ပါ။ မဆေးကြောနိုင်ပါ။  ဒါဆို ကျွန်ပ်တို့အပြစ်များကိုမည်ကဲ့သို့ဆေးကြောနိုင်မည်နည်း။ ယေရှုခရစ်တော်၏အသွေးကလွှဲပြီး ဘယ်အရာက မှ ကျွန်ပ်တို့အပြစ်များကိုဆေးကြောနိုင်ခြင်းမရှိပါ။ ယေရှု၏အသွေးတော်သာလျှင် ကျွန်ပ်တို့အပြစ်ကိုဆေးကြာ နိုင်ခြင်း တန်ခိုး ရှိပြီး ကယ်တင်ခြင်းသို့ပို့ဆောင်စေသည်။ ​ဒီအရေးပါသောစာအုပ်တွင် စစ်မှန်သော ယေရှုခရစ်တော်၏အသွေးတော်အကြောင်းကို သင်သိရှိရလိမ့်မည်ဖြစ် သည်။ ယေရှု၏အသွေးတော်က မည်ကဲ့သို့အသက်ကိုပေးကြောင်းနှင့် မည်မျှလောက်အရေးကြီးကြောင်း ရှင်းလင်းစွာသိရှိရ မည်ဖြစ်သည်။ ယေရှု၏အသွေးတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့အကြား အပြန်အလှန်ဆက်နွယ်မှုကိုလည်း သင်နား လည်လိမ့်မည်ဖြစ်သည်။ ယေရှု၏အသွေးတော်၌ တန်းခိုးတော်ရှိပါသည်။
  • ဒီစာအုပ်ထဲမှာ စာရေးသူက ဝိညာဉ်ရေးရာမှာ ယုံကြည်သူများ အဓိကသော့ချက်ကို လက် ခံရရှိဖို့တွက် ခန္ဓာကိုယ်ပိုင်ဆိုင်ရာသော်၎င်း၊ ငွေရေးကြေးရေးသော်၎င်း၊ အရာဝတ္ထုပိုင်းဆိုင်ရာတွေ ကို ခက်ခဲစွာဖြတ်ကျော်နိုင်ဖို့ ရေးသားထားပါသည်။
  • ဒါန်ဟီဝိဒ်-မီလ်စ် ရေးသားသောဤစာအုပ်တွင် နတ်ဆိုး၏လုပ်ရှုားမှုကို မျက်နှာဖုံးချွတ်ဖော်ပြထား ပါသည်။ ဂါနာနိုင်ငံရှိ စိတ်မနက်သောသူအကြောင်းပုံဥပမာဖော်ပြခြင်းဖြင့်၊ နတ်ဆိုးများနှင့် မကောင်းဆိုးဝါးများ ကိုမည်ကဲ့သို့တိုက်ခိုက်ရန် လမ်းညွန်ပေးပါသည်။
  • ဘယ်လိုဆုတောင်း၍ ဘာကိုဆုတောင်းသင့်သနည်း။ ဆုတောင်းခြင်း သည် ဘာကြောင့် လျှို့ဝှက် ဆန်းကျယ်နေ သနည်း။ အချိန်ကြာမြှင့်စွာ ဘယ်လိုနှင့် သင်ဆုတောင်းနိုင် သနည်း။ ကျွန်တော်လိုအပ်သော အရာများကို ဘုရားကြိုတင်၍ မသိခြင်းလော။ ကျွန်တော်ဆုမတောင်းလျှင်ဘာတွေဖြစ်လာမည်နည်း။ကျွန်တော်၏ ဆုတောင်းချက်များ အမှန်ပင် အဖြေရမည်လော၊ စသည် မေးခွန်းများကို စာရေးဆရာ ဒက်ဟေးဝါဒ်မီးလ်၏ လက်တွေ့ကျပြီးအကျုံးဝင် သောစာအုပ်ထဲတွင်လေ့ လာမြည်းစမ်းပါ။
  • ခရစ်ယာန်တစ်ယောက်အနေဖြင့် သင့်ဘ၀အသက်တာထဲ၌ ကြီးမားဆုံးနှင့် ချိုမြိန်သောလွှမ်းမိုးမှု သည် သန့်ရှင်းသောဝိညာဉ်တော်ပင်ဖြစ်သင့်ပါသည်။ ဤစာအုပ်သည် သင်၏အကျင့်စရိတ္တ၊ သင်၏အတွေးအခေါ်၊ သင်၏ဖန်တီးနိုင်မှု စသောအရာများကို နားလည်ဖို့ရန်သင့်အား ဖြစ်စေသည် သာမက သန့်ရှင်းစွာဖြင့် နေထိုင်ဖို့ရန်သင်၏အရည်အချင်းကိုလည်း သန့်ရှင်းသောဝိညာဉ်တော် အားဖြင့် လွှမ်းမိုးခြင်းခံရနိုင်ပါသည်။ ဒက်ဟီဝါ့မိုင်စ် ရေးသားထားသည့် ဤထူးကဲလွန်းသော စာအုပ်အားဖြင့် သင်သည် သင့်ဘ၀အသက်တာတစ်ခုလုံးကို လွှမ်းမိုးရန်၊ စေ့ဆော်ရန်၊ ထိရောက် ရန်နှင့် ပြောင်းလဲရန်အတွက် သန့်ရှင်းသောဝိညာဉ်တော်ကို ခွင့်ပြုရမည်ဖြစ်သည်။
  • ဘိသိက်ခံသူဖြစ်လိုပါသလား။ သမိုင်းဝင် ဤစာအုပ်ထဲတွင် ဘိသိက်မင်္ဂလာလက်ခံရရှိနိုင်ရန် ခြေလှမ်းအဆင့်ဆင့်ကို ဒေါက်တာ ဒါန်ဟီဝိဒ်-မီလ်စ် က မျှဝေထားပါသည်။ ဤစာအုပ်သည် သင်နှင့်သင်၏ သာသနာအတွက် တိကျသေချာသော ကောင်းကြီးမင်္ဂလာဖြစ်စေလိမ့်မည်။ ဘိသိက်ခံသူဖြစ်လာရန် ရယူရန်လိုအပ်သော ခြေလှမ်းများကို ရှာဖွေရယူလိုက်ပါ။
  • သာသနာကိုအောင်မြင်စေရန် နှင့် ပြည့်စုံစေရန်အတွက် ဘိသိက်ခြင်းသည် တံခါးဖွင့်ပေးသော အဓိက သော့ချက်ဖြစ်ပါသည်။ လူတော်တော်များသည် သစ္စာရှိခြင်း၏အပြင်ဘက်မှာ ဘုရားသခင်၏အလုပ်ကိုလုပ်နေကြ ပါသည်။ အဘယ်ကြောင့်ဆိုသော် ဤအရာကို သူတို့သတိမဲ့နေသောကြောင့်ဖြစ်သည် “အာဏာတန်ခိုးအားဖြင့်မ ဟုတ်၊ ငါ့ဝိညာဉ်အားဖြင့် (ဘိသိက်ခြင်း)” (ဇာခရိ ၄း ၆)။ ​​ဒါန်ဟီဝိဒ်-မီလ်စ် ရေးသားသော ဒီထူးခြားသည့်စာအုပ် ဖြစ်သော “ဘိသိက်ခြင်းကိုဖမ်းဆုပ်ပါ” က ဘိသိက် ခြင်းကိုဖမ်းဆုပ်ခြင်းဆိုသည်မှာမည်သို့နည်းနှင့် လက်တွေ့ကျကျဘယ်လိုလုပ်ဆောင်မည်နည်း ဟူသောအရာကို သင့် အားသင်ကြားပေးမည်ဖြစ်သည်။ ဒီစာအုပ်၏စာမျက်နှာတိုင်းက ဘုရားသခင်၏ဘိသိက်ခြင်းကို သင်ခံစားနိုင် သင် ကြားမှုဖြစ်ပါသည်။
  • ဘိသိတ်ခြင်း၏ ဘဏ္ဍသည် ဘိသိတ်ခြင်းခံရသောသူထဲ၌ ရှိပါသည်။ ဘိသိတ်ခြင်းသည် ဘိသိတ်ခံရသောသူလူထံမှ ခွဲခြားမရသောအရာဖြစ်ပါသည်။ ဘိသိတ်ခြင်းသည် ဘုရားသခင် ၏လူထဲ၌ ရှိပါသည်။ ဘိသိတ်ခြင်းသည် ဘုရားသခင်၏လူနှင့်အတူရှိပါသည်။ ဘိသိတ်ခြင်း သည် ဘုရားသခင်၏ လူအပေါ်၌ ရှိပါသည်။ ဒက်ဟီဝါ့မိုင်စ်ရေးသားထားသော ဤစိတ်လှုပ် ရှားကောင်းသော စာအုပ်သည် ဘိသိတ်ခြင်းကိုရှာဖွေသောသူများ၏ နှလုံးသားကို သိမ့်သိမ့် တုန့်စေပါလိမ့်မည်။
  • သခင်ဘုရားအား အစေခံခြင်းသည် ကြီးမားသည့် ကိစ္စတစ်ရပ်ဖြစ်ကြောင်း သင်ကြားဖူးကောင်း ကြားခဲ့နိုင် သော်လည်း သခင်ဘုရားအား အစေခံရခြင်းသည် မည်မျှလောက်ထိ ကြီးမြတ်သော အရာ ဖြစ်ကြောင်း သင်၌ ရှင်းလင်းသည့် အတွေးရှိချင်မှ ရှိနိုင်ပါမည်။ ဒါန်ဟီဝိဒ်-မီလ်စ် အထူးရေးသားထားသော ဤစာအုပ်အားဖြင့်  ဘုရားသခင်၏ အစေခံဟူသည် မည်သို့သောသူ ဖြစ်သည်ဟူ သောအရာနှင့် သခင်ဘုရားအား သင်မည်သို့ အစေခံရမည်ဆိုသောအရာအား  သင် နားလည်လာပါလိမ့်မည်။ သခင်ဘုရားအား အစေခံသောသူများနှင့်  အစေမခံသောသူများအကြား ခြားနားမှုအား သင်လက်တွေ့ သိရှိနား လည်နိုင်ပါစေ။   သခင်ဘုရားအား အစေခံသောသူများတို့တွင် သင်လည်း တစ်ယောက် အပါအ၀င်ဖြစ်ပါစေ။

Title

Go to Top